ဘူးသီးတောင်တွင် ရှို့မီးကြောင့် နေအိမ် ၂၆ လုံး မီးလောင်ကျွမ်း
DVB
·
March 3, 2019
ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ကွမ်ဒိုင်ကျေးရွာအုပ်စု၊ မောင်နှမကျေးရွာမှာ မတ်လ ၂ ရက်နေ့ ၃ နာရီ ၁၀ မိနစ်လောက်က ရှို့မီးကြောင့် နေအိမ် ၂၆ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မောင်နှမကျေးရွာမှာ လူနေထိုင်ခြင်းမရှိတဲ့ ဦးရှူနာမမျှော (၄၅ နှစ်)ရဲ့ နေအိမ်ကို တစုံတယောက်က မီးရှို့ခဲ့ရာမှ ခေါင်မိုးပေါ်ကတဆင့် ကူးစက်ရာမှတဆင့် မီးလောင်ကျွမ်း ခဲ့တာပါ။
ဘူးသီးတောင်မြို့နယ် မီးသတ်စခန်းမှ ဒု-မီးသတ်ဦးစီးမှူး ဦးအောင်မင်းထိုက် ဦးဆောင်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးက မီးငြှိမ်းသတ်ယာဉ် (၁) စီးနဲ့ သွားရောက် ငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်မှုကြောင့် လူမနေအိမ် ၁၂ လုံး၊ လူနေအိမ် ၁၄ လုံး၊ စုစုပေါင်း ၂၆ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး လူ ၅၈ ယောက် မီးဘေးသင်ခဲ့တကြောင့် ကျေးရွာစာသင်ကျောင်းမှာ ယာယီနေရာချထားတယ်လို့ သိရပါတယ်။
မီးလောင်တဲ့နေရာနဲ့ မီးသတ်စခန်းမှာ ၄ မိုင်လောက်ကွာဝေးပြီး လူနဲ့ တိရစ္ဆာန် သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။