သြစတြေးလျနိုင်ငံက အံ့သြမှင်တက်ဖွယ် မီးဆင်နှာမောင်းကြီး (ရုပ်သံ)

Firenado လို့ ခေါ်တဲ့ မီးဆင်နှာမောင်းကြီး ပေါ်ထွက်လာခဲ့တာကို သြစတြေးလျမီးသတ်သမားတဦးက အမိအရ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ မီးဟာ သြစတြေးလျနိုင်ငံ အနောက်ပိုင်း ဆောက်သမ်တန်အရပ်က ထင်ရူးတောထဲမှာ လောင်ကျွမ်းနေတာဖြစ်ပြီး မီးကိုငြှိမ်းသတ်ဖို့ ကြိုးစားနေစဉ်မှာပင် ဒီလိုမျိုး အံ့သြမှင်သက်ဖွယ် ဖြစ်ရပ်ကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ကောင်းကင်ပေါ်ကို တက်သွားတဲ့ လေဆင်နှာမောင်းလို မီးဆင်နှာမောင်းတွေကို မီးသတ်သမားတဦးက ဖေဖော်ဝါရီ ၁၉ ရက်က ဗွီဒီယိုရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကြောင့် အနီးအနားက လူတွေလည်း အံ့သြခဲ့ရပါတယ်။ ဒီတောမီးဟာ ချုံပုတ်တွေကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်သမား ၂၅၀ ကျော်က မီးငြှိမ်းသတ်ဖို့ ကြိုးစားနေပါတယ်။ မီးလောင်မှုကြောင့် အနည်းဆုံးနေအိမ်နှစ်လုံး၊ ဂိုထောင် ငါးလုံးပျက်စီးဆုံးရှုံးခဲ့ကာ မီးဟာ မြေယာ ၃၃၀၀ ဟက်တာလောက်ကိုလည်း ဝါးမြိုခဲ့ပြီးဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုလည်း စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ Firenado လို့ တင်စားခေါ်ဝေါ်ကြတဲ့ မီးတန်းတွေဟာ မီးလောင်မှုကြောင့် ဖြစ်ပွားတဲ့ အပျက်အစီးတွေအပေါ် လေပြင်းထန်စွာ လှည့်ဝဲတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လေ့ရှိပြီး မီးတောက်တွေနဲ့ မီးခိုးငွေ့တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up