Home
မြန်မာသတင်း
တောင်သူလယ်သမားနေ့ အထိမ်းအမှတ် စကားဝိုင်း သာယာဝတီခရိုင်တွင် ကျင်းပ
DVB
·
March 3, 2019
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် အေးမြသာယာမြို့ မှာ (၅၇) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အနေနဲ့ တောင်သူလယ်သမားစကားဝိုင်း ကို မတ်လ ၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မြစ်ရွမ်း ကိုယ်ထူကိုယ်ထလူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်း (Myitrum) နဲ့ ဒေသခံ တောင်သူလယ်သမားတွေ ပူးပေါင်းကျင်းပခဲ့ရာမှာ ဧရာဝတီတိုင်း ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အတွင်းက တောင်သူ လယ်သမားကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီစကားဝိုင်းမှာ သိမ်းဆည်းခံလယ်သမားတွေကိစ္စ၊ ကုမ္ပဏီတွေ သိမ်းဆည်းမြေကိစ္စ၊ စားကျက်မြေကိစ္စ၊ လယ်သမားတွေ မတရားစွပ်စွဲခံကိစ္စ စတာတွေကို တောင်သူ လယ်သမားကိုယ်စားလှယ်တွေက ဦးဆောင်ဆွေးနွေးကြခဲ့ကြပါတယ်။ သိမ်းဆည်းမြေကိစ္စ၊ စားကျက်မြေကိစ္စ၊ လယ်သမားတွေ မတရားစွပ်စွဲခံကိစ္စရပ်တွေနဲ့ ပက်သက်တဲ့ အမှုတွဲတွေကိုတော့ မြစ်ရွမ်းအဖွဲ့ကနေ သက်ဆိုင်ရာဌာနတွေနဲ့ ဆက်သွယ် ချိတ်ဆက် ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ ၀ဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024