ဖွဲ့စည်းပုံပြင်ဆင်ရေး မင်းဘူးမြို့တွင် ထောက်ခံဆန္ဒပြ

1.9K
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှာ မတ်လ ၁ ရက်နေ့ညနေပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဒေသခံပြည်သူ ရာချီ ထောက်ခံ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အနိုင်ရပါတီတခုတည်းက လုပ်တာမျိုးမဖြစ်အောင် တပ်မတော်အပါအဝင် တခြားပါတီတွေ ပါဝင်လာတဲ့အပေါ်မှာ ကြိုဆိုတယ်လို" ပွင့်ဖြူမြို့နယ်က ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်ပါဝင်တဲ့ ဦးကျော်မင်းနိုင်က ဒီဗွီဘီကိုပြောပါတယ်။
ပွင့်ဖြူမြို့နယ် ကုန်ဇောင်း ကျေးရွာက ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်သူ ဦးချိုကြီး က "တဖက်သတ် အာဏာရှင် ဆန်ဆန် သူတို့ကို အကာကွယ် ပေးထားတဲ့ ဥပဒေတွေကိုပြင်စေချင်တယ်။ ပြည်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်တွေဟာ ပြည်သူနဲ့တသားတည်း ရှိကြောင်းပြင်ပကနေ အသံပေးဝိုင်းရံတဲ့ သဘောဖြစ်ပြီး လက်မခံဘဲ ဆန့်ကျင်ရင် ပြည်သူတွေ ဒဏ်ခတ်တာခံရလိမ့်မယ်" လို့ ပြောပါတယ်။
မင်းဘူးမြို့ အထက ၁) ရှေ့ကနေ ဗိုလ်ချုပ်ပန်းခြံထိ လမ်းလျှောက်ဆန္ဒဖော်ထုခဲ့တ်ကြတာပါ။
ညပိုင်းမှာလည်း မင်းဘူးမြို့ ဗိုလ်ချုပ်ပန်းခြံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ သီးလေးသီး အငြိမ့်အဖွဲ့ ကပြဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မတ်လ ၁ ရက်နေ့မနက်ပိုင်းကလည်း ပွင့်ဖြူမြို့မှာ ပြုလုပ်ခဲ့ကြပြီး ညနေပိုင်းမှာ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ မင်းဘူး စတဲ့ မြို့နယ်တွေစုစည်းပြီး ခရိုင်မြို့ဖြစ်တဲ့ မင်းဘူးမြို့မှာ စုစည်းဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။
သတင်း-မင်းထီး