ဆီးရီးယားတွင် အိုင်အက်စ်တပ်ဖွဲ့ဝင် အများအပြား လက်နက်ချ

Suspected Islamic State militants and their families were seen surrendering to U.S.-backed Syrian Democratic Forces near the Iraqi border village of Baghouz on Thursday, video released by a news agency linked to the SDF showed. Rough cut (no reporter narration).
2.2K
ဆီးရီးယားနိုင်ငံ ဒီယာအယ်ဇောပြည်နယ် ဘာဂို့စ်ရွာကနေ အိုင်အက်စ်တပ်ဖွဲ့ဝင် အများအပြား မိသားစုတွေနဲ့အတူ ထွက်ခွာပြီး ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ထံ လက်နက်ချခဲ့ပါတယ်။
မြေပြင် သတင်းပေးပို့ချက်အရ အိုင်အက်စ်တပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ ဒီကနေ့ (SDF) ထံ လက်နက်ချပြီး အဲဒီထဲမှာ နိုင်ငံခြားသားတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။
ဘာဂို့စ်ရွာကနေ ထွက်ပြေးလာတဲ့ အရပ်သားတွေနဲ့ အိုင်အက်စ် တပ်ဖွဲ့ဝင်တွေဟာ (SDF) တပ်ဖွဲ့ထံမှာ ခိုလှုံခွင့် တောင်းခံနေပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်က ထောင်နဲ့ချီတဲ့လူတွေဟာ အိုင်အက်စ်အဖွဲ့တွေ ချောင်ပိတ်မိနေတဲ့ ဘာဂို့စ်ရွာကနေ ထွက်ပြေးလာပြီး (SDF) စခန်းတွေဆီ ရောက်လာခဲ့ပါတယ်။
လက်နက်ချခဲ့တဲ့ အိုင်အက်စ်တပ်ဖွဲ့ဝင်တွေကို အရပ်သားတွေနဲ့အတူ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ANF သတင်းဌာနမှာ ဖော်ပြထားပါတယ်။