Home
မြန်မာသတင်း
ထားဝယ်လေဆိပ်ချုံရှင်းခ ပိုငွေပြန်ပေးမည့်ကိစ္စ မဟုတ်မှန်ဟု ကုမ္ပဏီတာဝန်ရှိ ပြော
ပိုင်စိုး
·
March 2, 2019
ထားဝယ် လေယာဉ်ကွင်း ချုံရှင်းခ ကျပ်သိန်း ၈၀၀ ပဲကျပြီး သန်း ၃၂၀၀ ပြန်ပေးမယ်ဆိုတာတာ မဟုတ်ဘူးလို့ ကုမ္ပဏီတာဝန်ရှိသူတယောက်က ပြောပါတယ်။ တိုင်းအစိုးရက လေဆိပ်ချုံရှင်းခအဖြစ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲမှာ ကျပ်သိန်း ၄၀၀၀ သုံးစွဲထားတယ်လို့ စာရင်းစစ်ချုပ်က ဖော်ပြခဲ့ပြီး ဝေဖန်ခံခဲ့ရသလို မကြာသေးခင်ကတော့ သိန်း ၃၂၀၀ ပြန်အမ်းမယ်လို့ သတင်းတွေ ထွက်နေတာပါ။ ဒါနဲပတ်သက်လို့ ချုံရှင်းခွင့်ရခဲ့တဲ့ F 22 ကုမ္ပဏီ ပြောခွင့်ရသူ ကိုဖြိုးဝေက “အဲဒါက ပြီးသွားပြီလေ။ သူတို့ဟာ သူတို့ အဲဒါကို ဆက်ဖွနေကြတာ။ ကျနော်တို့ဘက်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းစရာမရှိတော့ဘူး။ တရားဥပဒေအတိုင်းပြီးသွားပြီ၊ ရှင်းလင်း ရှင်းပြီးသွားပြီ၊ အဲဒီကိစ္စက” လို့ ပြောပါတယ်။ လေယာဉ်ကွင်းမှာ ဧရိယာ ဘယ်လောက်ကိုချုံရှင်းခဲ့ရတာလည်း ဆိုတာကိုတော့ သေချာမပြောနိုင်လို့ ရုံးကိုလာပြီး MD ကိုပဲ မေးပါလို့ သူက ပြောပါတယ်။ ထားဝယ်လေယာဉ်ကွင်း သစ်ပင်ချုံနွယ်ရှင်းတဲ့ လုပ်ငန်းစာချုပ်မှာ ရှင်းလင်းရမယ့် ဧရိယာကို လေယာဉ်ကွင်းအတွင်းအပြင်လို့ပဲ ဖော်ပြထားပြီး ရှင်းလင်းရမယ့် ဧရိယာ အကျယ်အဝန်း အတိုင်းအတာ အတိအကျ မပါတာ၊ တဧက ရှင်းလင်းစရိတ် မသတ်မှတ်ထားတာ စတာတွေတွေ့ရပြီး ခန့်မှန်းခြေ တဧကကို ၁၆ သိန်းလောက်ကျနေတယ်လို့ တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းက လွှတ်တော်မှာ ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024