Home
မြန်မာသတင်း
ဗုဒ္ဓရုပ်ပွားတော် ၇၀၀၀ ကျော် ရခိုင်ပြည်သူများ ပူဇော်ရန် ပေးပို့
ရွှေအောင်
·
October 4, 2012
ရခိုင်ပြည်နယ်နေ ပြည်သူတွေ ပူဇော်နိုင်ဖို့အတွက် အလိုတော်ပြည့် ဆရာတော်က ဦးဆောင်ပြီး၊ ဗုဒ္ဓရုပ်ပွားတော် ၇၀၀၀ ကျော် ပေးပို့လှူဒါန်းပြီ ဖြစ်ပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီး ဘဒ္ဒန္တ အရိယဝံသနဲ့ တပည့်ဒကာ ဒကာမတွေ စုပေါင်းပြီး ရုပ်ပွားတော် ၅၀၀၀ ကျော်နဲ့ ရခိုင်သဟာယအသင်းက ရုပ်ပွားတော် ၂၅၀၀ စုစုပေါင်း ရုပ်ပွားတော် ၇၅၀၀ ကျော်ကို စက်တင်ဘာနဲ့ အခု အောက်တိုဘာလဆန်းပိုင်းမှာ ပေးပို့ လှူဒါန်းခဲ့ တာဖြစ်ပါတယ်။ [caption id="attachment_31591" align="alignright" width="300" caption="(ဓာတ်ပုံ- Rakhine Straight Views ဖေ့ဘွတ်စာမျက်နှာ)"][/caption] အဓိက ကတော့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲမှာရှိတဲ့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ လူနေအိမ်တွေမှာ ပူဇော်ထားနိုင်ဖို့ ပေးပို့ လှူဒါန်းခဲ့တာလို့ အလိုတော်ပြည့်ကျောင်းတိုက် က ဦးဇင်းဘီလူးက မိန့်ကြားပါတယ်။ “ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံရတယ်၊ နောက် ဘုန်းကြီးကျောင်း၊ စေတီပုထိုး၊ အိမ်တွေ မီးရှို့ခံရတော့ ဘုရားဆင်းတုတွေလည်း အများကြီးပါသွားတယ်လေ။ ပျက်စီးဆုံးရှုံးတာကလည်း များတော့ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာအရ ဘုရားဆင်းတုတော် မရှိဘူးဆိုရင် အိမ်တိုင်းမှာ မတင့်တယ်ဘူးလေ။ ဘုရားရှိမှ တင့်တယ်မှာကိုး။” ရုပ်ပွားတော်တွေကို ရန်ကုန်ကနေ စစ်တွေကို သင်္ဘောနဲ့ ပင့်ဆောင်ပြီး စစ်တွေကနေတဆင့် ဆက်လက်ပို့ဆောင်တာလို့လဲ ပြောပါတယ်။ ဇွန်လဆန်းက စတင်ခဲ့တဲ့  ရခိုင်ပဋိပက္ခအတွင်း သေဆုံးသူ ၈၀ ဦး၊ ဒဏ်ရာရသူ ၁၁၂ ဦး၊ လူနေအိမ် ၅၀၀၀ ၀န်းကျင်နဲ့ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ၃ ကျောင်း၊ ဗလီ ၁၇ ခု ပျက်စီးခဲ့တယ်လို့ နယ်စပ်ရေးရာဌာန ပြည်ထောင်စုဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး က ဇူလိုင် ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024