အိုစမာဘင်လာဒင်၏သားကို ဆော်ဒီ နိုင်ငံသားအဖြစ်မှ ပယ်ဖျက်

အိုစမာဘင်လာဒင်ရဲ့သား ဟမ်ဇာဘင်လာဒင်ကို နိုင်ငံသားအဖြစ်ကနေ ပယ်ဖျက်လိုက်တယ်လို့ ဆော်ဒီအာရေးဘီးယား  ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဟမ်ဇာ ဘင်လာဒင်ကို အဓိကကျတဲ့  အယ်လ်ကိုင်ဒါခေါင်းဆောင်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ဆိုပြီး သူရှိတဲ့နေရာကို သတင်းပေးသူအား ဆုငွေ အမေရိကန် ဒေါ်လာ ၁ သန်း ချီးမြှင့်မယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဟမ်ဇာဟာ အခုချိန်မှာ အသက် ၃၀ အရွယ်လောက် ရှိတယ်လို့ ယုံကြည်ရပြီး သူဟာ နိုင်းအလဲးဗင်း တိုက်ခိုက်မှု မဖြစ်ခင်က  အာဖဂန်နစ္စတန် နိုင်ငံအတွင်း သူ့ဖခင် ဘင်လာဒင် နံဘေးမှာ ရှိခဲ့တာပါ။ အဲဒီနောက် အာဖဂန်နစ္စတန်ကို အမေရိကန် ကျူးကျော်ချိန်မှာတော့ သူဟာ ပါကစ္စတန် နိုင်ငံအတွင်း ဖခင် ဖြစ်သူနဲ့အတူ ရှိခဲ့တယ်လို့ ဘရွတ်ကင်းစ် အဖွဲ့အစည်းက ဆိုပါတယ်။ ဟမ်ဇာဟာ အနောက်နိုင်ငံမြို့ကြီးတွေမှာ အကြမ်းဖက်မှုတွေလုပ်ကြဖို့ တိုက်တွန်းပြီး ဖခင်သေဆုံးမှုအတွက် အမေရိကန်ကို လက်စားပြန်ချေမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနက သူ့ကို ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up