Home
မြန်မာသတင်း
ဖားကန့်ပို့မည့် ကျပ်သိန်း ၈၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မန္တလေးတွင်ဖမ်းမိ
DVB
·
March 1, 2019
မန္တလေးတိုင်း​၊  အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ဒေါနဘွားကားကြီးကွင်း မှာ ဖားကန့်ကို တင်ပို့ရောင်းချမယ့် ကျပ်သိန်း ၈၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး​တွေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။ သက်ဆိုင်ရာနယ်​​မြေ ရဲတပ်ဖွဲ့က သတင်းအရ ဒေါနဘွားကားကြီးကွင်းကို သွားရောက်စစ်ဆေးရှာ ဖားကန့်မြို့ကိုသွားဖို့ ကုက္ကိုပင်အောက်မှာ ကားစောင့်နေတဲ့ သားငယ် နဲ့ ထိပ်ထား တို့ကို မူးယစ်ဆေးဝါးတွေ ထည့်ထားတဲ့ ဆာလာအိတ် ၄ အိတ်၊ ဂျပ်ဖာ ၁ လုံးနဲ့အတူ  ဖမ်းဆီးမိခဲ့တာပါ။ သူတို့နှစ်​ဦးက ဆာလာအိတ် နဲ့ ဂျပ်ဖာထဲ လက်ဖက်ခြောက်တွေကို ပြောဆိုခဲ့ပေမယ့် သက်ဆိုင်ရာက ဖွင့်ဖောက်စစ်ဆေးရာ မူးယစ်ဆေးဝါးတွေ ဖြစ်နေတာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေကို မိုးဖားကန့်မြို့တွင်း ပြန်လည်ရောင်းချဖို့ မိတ်မြို့က ဝယ်ယူခဲ့တာလို့ တွက်ဆိုခဲ့တာကြောင့်  ရောင်းချခဲ့သူကို ကွင်းဆက်တရားခံအဖြစ် ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ အမှတ် ၁ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ အိတ်တွေထဲက လက်ဖက်ခြောက်တွေနဲ့ ရောထည့်ထားတဲ့ 88/1 စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း ၉၅၉၉၀ ပြား၊ အဖြူရောင်ဆာလာအိတ် ၂ လုံးအတွင်းက တစ်လုံးလျှင် ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာခွက် စုစုပေါင်း ၁၉၈ ခွက်၊ ဖုန်း ၂ လုံး နဲ့အတူ ငွေသား ၃ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်​။ ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွဆေးပြားတွေနဲ့ ဘိန်းဖြူ​တွေရဲ့ကာလပေါက်ဈေးဟာ ၈၄၄၆၉၀၀၀၀ ရှိတယ်လို့ အမှတ် (၁) ရဲစခန်းကတာဝန်​ရှိသူက​ ဆိုပါတယ်​။ သားငယ် နဲ့ ထိပ်ထား တို့ကို အမှတ် ၁ နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ ပုဒ်မ၁၉ (က)/၂၀(က)/၂၁ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024