ကမ္ဘာ့အသေးငယ်ဆုံး မွေးကင်းစကလေးကို နေအိမ်ပြန်ပို့

1.1K
ကိုယ်အလေးချိန် ၂၆၈ ဂရမ်သာ ရှိတဲ့ ကမ္ဘာ့အသေးငယ်ဆုံး မွေးကင်းစယောကျာ်းလေးကို တိုကျိုဆေးရုံကနေ နေအိမ်ပြန်လည်ပို့ဆောင်လိုက်ပြီလို့ ခေးအို တက္ကသိုလ်ဆေးရုံက ပြောကြား လိုက်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလအတွင်း အဲဒီကလေးငယ်ဟာ ကိုယ်အလေးချိန် တက်မလာ တဲ့အတွက် ဆရာဝန်တွေက အသက်အန္တရာယ် စိုးရိမ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ကလေးငယ်ကို ဗိုက်ခွဲမွေးဖွားခဲ့ပါတယ်။
အဲဒီကလေးငယ်ကို ကိုယ်အလေးချိန် ၃ ဒသမ ၂ ကီလိုဂရမ် ရှိလာတဲ့အထိ ဆေးရုံမှာ အထူးဂရုစိုက်ကြပ်မတ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာတော့ ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တယ်လို့ ကလေးအထူးကုဌာနက ဆရာဝန် တကာရှီ အာရီမိဆုက ပြောပါတယ်။
မိခင်ဖြစ်သူက ကလေးငယ် ဒီအရွယ်အထိ ထွားလာတာကို ကျေးဇူးတင်ကြောင်းနဲ့ ကလေးအသက်ရှင်ပါ့မလား ဆိုတာမျိုး ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။