နိုင်ငံရေးအကျဉ်းသား ၁၀၀ နီကာရာဂွါအစိုးရ ပြတ်လွှတ်

949
နိုင်ငံရေး အကျဉ်းသား ၁၀၀ ကို နီကာရာဂွါအစိုးရက ဖေဖော်ဝါရီ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ Permanent Commission of Human Rights လူ့အခွင့်အရေး အုပ်စုက ပြောပါတယ်။
အစိုးရနဲ့ အတိုက်အခံခေါင်းဆောင်တွေ အကြပ်အတည်း အဆုံးသတ်ရေး ဆွေးနွေးပွဲ ပြန်မစခင် နာရီပိုင်းအလိုမှာ လွှတ်ပေးလိုက်တာပါ။
နီကာရာဂွါ သမ္မတ ဒယ်နီရယ် အော်တေဂါဟာ မနှစ်က လူမှုလုံခြုံရေးအတွက် ပြုပြင်ပြောင်း လဲဖို့ ကြိုးစားရာက နိုင်ငံရေး အကြပ်အတည်း နက်ရှိုင်းခဲ့ပြီး လူထု ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
စစ်အေးခေတ်က ပြောက်ကျားတိုက်ခိုက်ရေးသမားဖြစ်ခဲ့ပြီး ၂၀၀၆မှာ ရွေးကောက်ပွဲ နိုင်ခဲ့တဲ့ အော်တေဂါက ဆန္ဒပြပွဲတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာပါ။
ဒါကြောင့် လူ ၃၂၀ လောက် သေဆုံးပြီး အယောက် ၆၀၀ ကျော် ထောင်ချခံရတယ်လို့ အမေရိကနိုင်ငံများ လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။
လာမယ့် ကြာသပတေးနေ့ စမယ့် ဆွေးနွေးပွဲမှာ အစိုးရ၊ စီးပွားရေး ကိုယ်စားလှယ်တွေ၊ ကျောင်းသားတွေနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ ပါဝင်ပြီး အကြပ်အတည်းအတွက် အဖြေရှာကြမှာပါ။
အော်တေဂါကတော့ ဆွေးနွေးပွဲမှာ မပါပါဘူး။ အတိုက်အခံတွေက ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးနဲ့ အသတ်ခံရတဲ့ ဆန္ဒပြသူတွေအတွက် တရားမျှတမှုကို တောင်းဆိုနေပေမယ့် ဖိအားပေး တောင်းဆိုမှု အများဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ပဲလို့ အတိုက်အခံ ခေါင်းဆောင် အိန်ဂျယ် ရိုချာက အရင်အပတ်က ပြောခဲ့ပါတယ်။