ဆာလာအတွက် ပြောင်းရွှေ့ကြေးပေးရန် ပျက်ကွက်သည့် ကာဒစ်ဖ်စီးတီးကို ဖီဖာထံတိုင်ကြား

ဆာလာကို ခေါ်ယူခဲ့စဉ်က သဘောတူညီခဲ့တဲ့ ပေါင် ၁၅ သန်းရဲ့ ပထမအရစ်ကို ပေးချေဖို့ ကာဒစ်ဖ်စီးတီးအသင်းအနေနဲ့ ပျက်ကွက်ခဲ့တာကြောင့် နန့်တ်စ်အသင်းက ဖီဖာထံ တိုင်ကြားစာတစောင် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး အီမီလီယာနိုဆာလာဟာ ပြင်သစ်ကလပ် နန့်တ်စ် အသင်းကနေ ကာဒစ်ဖ်စီးတီးအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီး အင်္ဂလန်မြေကို လာရောက်တဲ့အချိန် ရေလက်ကြားမှာ လေယာဉ်ပျက်ကျပြီး ဆုံးပါးသွားခဲ့သူလည်း ဖြစ်ပါတယ်။ ဆာလာကိုခေါ်ယူတဲ့ ပထမအရစ်အတွက် ပေါင် ၅ သန်းကို အစောပိုင်းရက်တွေထဲက ပေးချေရမှာဖြစ်ပေမယ့် နန့်တ်စ်အသင်းက တပတ်ထပ်မံစောင့်ဆိုင်းပေးခဲ့ပါတယ်။ ကာဒစ်ဖ်စီးတီးအသင်းကတော့ လက်ရှိအချိန်ထိ လာရောက်ပေးချေခြင်း မရှိသေးလို့ ဖီဖာထံ တိုင်ကြားထားပြီး ဖီဖာကလည်း လက်ခံရရှိကြောင်း ကြေညာခဲ့ပါတယ်။ ဖီဖာရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်အရ အခုအခြေအနေမှာတော့ ဘာမှ ဆုံးဖြတ်ပေးလို့ မရသေးကြောင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up