Home
မြန်မာသတင်း
ကျောက်ဆည်တွင် အိမ်သာကျင်းဆယ်ရာမှ အမျိုးသား ၅ ဦး သေဆုံး
DVB
·
February 28, 2019
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့မှာ အိမ်သာကျင်းဆယ်ယူရာမှ အမျိုးသား ၅ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ကျောက်ဆည်မြို့၊ ကြက်မင်းတွန် ရပ်ကွက်နေ ဦးသိန်းထွန်းဦးရဲ့ နေအိမ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၈ နာရီက ကျောက်ဆည်မြို့၊ အင်တိုင်းရပ်ကွက်နေ ဦးကိုနီ (ခ) တင်အေး (၄၂) နှစ်အပါအ၀င် ၅ ဦးတို့ဟာ အကျယ် ၁၀ ပေပတ်လည်၊ အနက် ၁၀ ပေလောက်ရှိ ရေလောင်းအိမ်သာ ကျင်းအတွင်းဆင်းပြိး မိလ္လာဆယ်ယူနေစဉ် အောက်စီဂျင်ပြတ်လပ်၍ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းလွင် ဦးစီးအဖွဲ့တို့က သွားရောက်ဆယ်ယူ စစ်ဆေးခဲ့ရာ ၅ ဦးလုံး ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတာ တွေ့ရှိရလို့ ကျောက်ဆည်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဦးကိုနီအပါအ၀င် ၅ ဦး သေဆုံးမှုကို ကျောက်ဆည်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၉) နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - စိုးသီဟ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024