ပါကစ္စတန် အစိုးရက လေကြောင်းပိုင်နက် ပိတ်သိမ်း

ပါကစ္စတန် အစိုးရဟာ သူ့ရဲ့ လေပိုင်နက်ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ ပိတ်ပစ်လိုက်တဲ့အတွက် ကာတာနဲ့ အမ်းမရိတ် လေကြောင်းလိုင်းတွေ အပါအဝင် လေကြောင်းလိုင်း အတော်များများဟာ ပါကစ္စတန်နိုင်ငံဆီ လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းထားရပါတယ်။ နျူကလီးယား လက်နက်ပိုင်ရှင် ပြိုင်ဘက် အိမ်နီးချင်း ၂ နိုင်ငံကြား တင်းမာမှု မြင့်နေပါတယ်။ ကရာချိလေဆိပ်မှာ လေကြောင်းခရီးစဉ်တွေ ရပ်ဆိုင်းအပြီး လုံခြုံရေး အရာရှိတွေက အဆင့်မြင့် တပ်လှန့်ချက် ထုတ်ပြန်ခဲ့လို့ ခရီးသည်တွေကို ကြိုတဲ့လူတွေပဲ လေဆိပ်ထဲကို ဝင်ခွင့်ရခဲ့ပြီး ဘယ်လိုယာဉ်မှ လေဆိပ်ထဲ ဝင်ခွင့်မရခဲ့ပါဘူး။ အိန္ဒိယက ပါကစ္စတန်နယ်ထဲက စစ်သွေးကြွစခန်းလို့ သံသယရှိတဲ့နေရာကို လေကြောင်းကနေ စီးနင်းတိုက်ခိုက်ခဲ့လို့ လက်စားချေတဲ့အနေနဲ့ ပါကစ္စတန်က အိန္ဒိယ စစ်လေယာဉ် ၂ စီးကို ပစ်ချခဲ့ပါတယ်။ အိန္ဒိယကလည်း သူ့လေပိုင်နက်ထဲ ပျံသန်းလာတဲ့ ပါကစ္စတန် စစ်လေယာဉ်တစီးကို ပြန်ပစ်ချခဲ့ပါတယ်။ အဲဒီနောက် ပါကစ္စတန်က လေပိုင်နက်ကို ပိတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up