ထရမ့်နှင့် ဆွေးနွေးပွဲတွင် အကောင်းဆုံးရလဒ် ရလိမ့်မည်ဟု ယုံကြည်ကြောင်း ကင်ဂျုံအန်း ပြော

ဓာတ်ပုံ - Reuters
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မြို့တော် ဟနွိုင်းမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပထမနေ့အဖြစ် တွေ့ဆုံပါတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတ ထရမ့်က နျူကလီးယားလက်နက် ဖျက်သိမ်းရေး အမေရိကန် တောင်းဆိုချက်ကို နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်နဲ့ သမ္မတ ထရမ့်တို့ဟာ မက်ထရိုပိုးလ်ဟိုတယ်မှာ တွေ့ဆုံပြီး ခေါင်းဆောင်ကင်က သူတို့အနေနဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွက် အတားအဆီးတွေကို ကျော်လွှားခဲ့တယ်၊ ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြီးကတည်းက စိတ်ရှည်သည်းခံမှုတွေ ထားခဲ့ရတယ်လို့ ပြောပါတယ်။ သမ္မတ ထရမ့်နဲ့ တွေ့ဆုံရာမှာ ခေါင်းဆောင် ကင်က အားလုံးလိုလားတဲ့ အကောင်းဆုံးရလဒ် ရလိမ့်မယ်လို့ ယုံကြည်ပြီး အဲဒီလိုဖြစ်အောင် သူ့အနေနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up