နာဂလူမျိုးတို့၏ ရိုးရာ မြေယာပိုင်ဆိုင်မှု စနစ်ကို အသိအမှတ်ပြုရန် တောင်းဆို
DVB
·
February 27, 2019
နာဂလူမျိုးတွေရဲ့ ပိုင်နက် မြေယာနဲ့ သဘာဝ သယံဇာတတွေကို ခေတ်အဆက်ဆက် စီမံအုပ်ချုပ်လာခဲ့တဲ့ စနစ်ကို အစိုးရက အသိအမှတ်ပြုပေးဖို့နဲ့ ကိုယ်ပိုင်မြေယာနဲ့ သဘာဝ သယံဇာတတွေကို စီမံခန့်ခွဲခွင့်ရရှိဖို့ ဌာနေလူမျိုးတွေက သုတေသနစာတမ်း မိတ်ဆက်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုလိုက်ပါတယ်။
ဓလေ့ထုံးတမ်းကို အသိအမှတ်ပြုတယ်ဆိုတာဟာ ဌာနေတိုင်းရင်းသားလူမျိုးတွေရဲ့ စားဝတ်နေရေးနဲ့ ယဉ်ကျေးမှုအတွက် အရေးကြီးရုံသာမက ပတ်ဝန်းကျင်ကာကွယ်ရေးနဲ့ မြန်မာပြည်တွင်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဆွမ္မရွာသူကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒါ့အပြင် နာဂဆိုရှယ်လစ်ကောင်စီအနေနဲ့ကလည်း နာဂလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းနဲ့မညီတဲ့ လုပ်ဆောင်မှုတွေကို မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံလုံးနဲ့ ဆွေးနွေးကာ နာဂလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းတွေကို မြှင့်တင်ကာကွယ်ပေးဖို့လည်း အစိုးရကို တိုက်တွန်း ပါတယ်။