Home
မြန်မာသတင်း
ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃.၄ သန်းကျော်ရှိ
အာကာ
·
February 27, 2019
ရန်ကုန် စည်ပင်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃.၄ သန်းကျော်စာရင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ စည်ပင်ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၃၃ မြို့နယ်က မဲဆန္ဒရှင်စာရင်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင်က ဇန်နဝါရီလက စတင်ကောက်ယူ နေတာပါ။ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဇင်မင်းလှိုင်က “ဒီနေ့ မနက် ၇ နာရီမှာ စတင်ကြေညာ လိုက်ပါတယ်။ ရပ်ကွက်ရုံးတွေမှာ သွားရောက်ကြည့်ရှုနိုင် ပါတယ်။ ၃၃ မြို့နယ်အတွက် မဲပေးပိုင်ခွင့်ရှိသူ ၃.၄ သန်း ရှိပါတယ်။ ဒါတွေကို တပတ် ကြေညာထားတာပါ။ ပြင်ချင်တာ ပြောင်းချင်တာတွေကို တပတ်အတွင်းမှာ လုပ်လို့ရသလို ကျော်သွားရင်လည်း ဆက်လုပ်ပေးမှာပါ”လို့ ပြောပါတယ်။ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို မဲပေးခွင့်ပြုထားပြီး ၂၀၁၄ ရွေးကောက်ပွဲမှာတော့ တအိမ်ကိုတယောက် မဲပေးခွင့်ပြုခဲ့ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ် ၃၃ မြို့နယ်မှာ လူဦးရေ ၄.၅၆ သန်းကျော်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024