လက်စတာနည်းပြအဖြစ် ဘရန်ဒန်ရော်ဂျာကို ခန့်အပ်ရန် သဘောတူညီ

လက်စတာအသင်းဟာ လီဗာပူးနည်းပြဟောင်း ဘရန်ဒန်ရော်ဂျာကို ခန့်အပ်ဖို့ သဘောတူညီခဲ့ပြီလို့ သိရပါတယ်။ ရော်ဂျာဟာ စကော့တလန်ကလပ် ဆဲလ်တစ်အသင်းကို တာဝန်ယူ ကိုင်တွယ်နေတာဖြစ်ပြီး လက်စတာအသင်းက စာချုပ်ဖျက်သိမ်းပြီး ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။ လက်စတာစီးတီးအသင်းဟာ နည်းပြ ပူရယ်လ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်မှာ ရော်ဂျာနဲ့ အစားထိုးဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းကလည်း ရော်ဂျာအနေနဲ့ လက်စတာနဲ့ ဆွေးနွေးဖို့အတွက် ခွင့်ပြုခဲ့တယ်လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြောက်အိုင်ယာလန်နည်းပြ ဘရန်ဒန်ရော်ဂျာဟာ နည်းပြဘဝကို ချဲလ်ဆီး လူငယ်အသင်းနဲ့ စတင်ခဲ့ပြီး ဝတ်ဖို့ဒ်၊ ရက်ဒင်း၊ ဆွမ်ဆီးအသင်းတွေကို ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်မှာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ကနေ ၂၀၁၅ ခုနှစ်အထိ လီဗာပူးအသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘောလုံးရာသီမှာ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားရဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ်ကစလို့ ဆဲလ်တစ်အသင်းကို တာဝန်ယူနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up