ပါကစ္စတန် တပ်စခန်း ၅ ခုကို အိန္ဒိယစစ်တပ် ဖျက်ဆီး

ဓာတ်ပုံ - Reuters
အိန္ဒိယစစ်တပ်က ပါကစ္စတန်နဲ့ အငြင်းပွားနေတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ထဲက ထိန်းချုပ်ရေး မျဉ်းတလျှောက်မှာ ရှိနေတဲ့ ပါကစ္စတန်တပ်စခန်း ငါးခုကို ဖေဖော်ဝါရီ ၂၆ ရက်ညက ဖျက်ဆီးလိုက်ပါတယ်။ အစောပိုင်းက ပါကစ္စတန် စစ်သွေးကြွတွေကို ပစ်ခတ်ပုံ ရုပ်သံကို အီရန်အခြေစိုက် MNA မီဒီယာက ထုတ်လွှင့်ပြသပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန် နယ်စပ်တလျှောက် ပစ်ခတ်မှုတွေကို လက်စားချေလိုက်တယ်၊ ပါကစ္စတန် တပ်သားတချို့ သေဆုံး ဒဏ်ရာရတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲ နောက်ပိုင်းကစပြီး ပါကစ္စတန်စစ်တပ်က နယ်စပ်မျဥ်း တလျှောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ပါကစ္စတန် စစ်တပ်တွေဟာ ရွာသားတွေကို လူသားဒိုင်းအဖြစ်သုံးပြီး အရပ်သားတွေရဲ့ အိမ်တွေထဲကနေ မော်တာတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ မြင်ရတယ်၊ ဒါပေမယ့် အိန္ဒိယစစ်တပ်က အရပ်သားနယ်မြေတွေနဲ့ ဝေးတဲ့ ပါကစ္စတန် တပ်စခန်းတွေကိုသာ ပစ်မှတ်ထားခဲ့တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေး အရာရှိက ပြောခဲ့တယ်လို့ အိန္ဒိယအခြေစိုက် မီဒီယာတွေက ထုတ်ပြန်ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း အိန္ဒိယဘက်က စစ်သားငါးဦး အသေးစား ဒဏ်ရာရခဲ့ပြီး သူတို့ထဲက နှစ်ဦးကတော့ ဆေးကုသပေးဖို့ စစ်ဆေးရုံဆီ လွှဲပေးခဲ့ရတယ်၊ အခြေအနေ တည်ငြိမ်တယ်လို့ အိန္ဒိယ မီဒီယာတွေက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up