ယူဂန္ဓာနိုင်ငံတကာစီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲတွင် မြန်မာအားကစားမယ်ဗိုလ်စွဲ  

ယူဂန္ဓာနိုင်ငံမှာ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၄ ရက်အထိ ကျင်းပတဲ့ ယူဂန္ဓာနိုင်ငံတကာစီးရီး ကြက်တောင်ရိုက် ပြိုင်ပွဲ အမျိုးသမီး တဦးချင်းပွဲပြိုင်ပွဲမှာ  မြန်မာကြက်တောင်ရိုက် အားကစားမယ် မသက်ထားသူဇာက ချန်ပီယံဆု ရရှိသွားပါတယ်။ ဒီပြိုင်ပွဲမှာ မသက်ထားသူဇာဟာ  ၃၂ ဦးအဆင့်နဲ့ ၁၆ ဦးအဆင့်တွေမှာ အိမ်ရှင် ယူဂန္ဓာကစားသမားတွေကို အနိုင်ရပြီး ကွာတားဖိုင်နယ်မှာ ဇင်ဘာဘွေက  အိုဂါကို နှစ်ပွဲပြတ်၊ ဆီမီးဖိုင်နယ်မှာ အီရန်က ဆာမင်ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲမှာ ဂျော်ဒန်က အမ်ရိုကို  နှစ်ပွဲပြတ် အနိုင်ရကာ ဗိုလ်စွဲသွားတာပါ။ ဒီပြိုင်ပွဲမှာ ဥရောပ၊ လက်တင် အမေရိက၊ အာဖရိကနဲ့ အာရှနိုင်ငံတွေက ကစား သမားတွေ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ယူဂန္ဓာမှာ ကြက်တောင်ချန်ပီယံရွှေတံဆိပ်ဆုကို ပြီးနောက်  နောက်ထပ်ဆုတွေရအောင် ကင်ညာနိုင်ငံကို ဆက်လက်သွားရောက်ယှဉ်ပြိုင်နေပြီလို့ မသက်ထားသူဇာက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးထားပါတယ်။ ဓာတ်ပုံ- THET-HTAR-Thuza

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up