ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကျူတာ ပရိသတ်များ၏ ဝေဖန်ခံရ

457
ချဲလ်ဆီးနည်းပြ ဆာရီနဲ့ ဂိုးသမား ကယ်ပါတို့ရဲ့ အဖြစ်အပျက်အပေါ် ဦးဆောင်ဖြေရှင်းမှု အားနည်းခဲ့တဲ့ အသင်းခေါင်းဆောင် အက်ဇ်ပီလီကျူတာကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။
မန်စီးတီးကို ပယ်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲ ပွဲပြီးခါနီးမှာ ဂိုးသမား ကယ်ပါကို နည်းပြဆာရီက လူစားလဲဖို့ လုပ်ဆောင်ခဲ့ပေမယ့် ကယ်ပါက လက်မခံခဲ့ဘဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ကယ်ပါအနေနဲ့ ကြွက်သားဒဏ်ရာ ရရှိထားတဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်မှာ မန်စီးတီး ဂိုးသမားဟောင်း ကာဘယ်လီယိုကို လူစားလဲ အသုံးပြုဖို့ နည်းပြဆာရီက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂိုးသမားကယ်ပါကတော့ လူစားလဲဖို့ လုပ်ဆောင်နေတဲ့ နည်းပြဆာရီကို အမူအရာနဲ့ အဆင်ပြေတယ်လို့ လုပ်ပြခဲ့ပြီး အသင်းဖော် ဒေးဗစ်လူးဝစ္စကိုလည်း တီးတိုးပြောကြားခဲ့ပါတယ်။
အဲဒီအခြေအနေမှာ အသင်းခေါင်းဆောင် အက်ဇ်ပီလီကျူတာက ဦးဆောင်ဖြေရှင်းပေးဖို့ တာဝန်ရှိပေမယ့် ဦးဆောင်နိုင်ခြင်း မရှိခဲ့တဲ့အပေါ် ပရိသတ်တွေက ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။