ချဲလ်ဆီး တောင်ပံကစားသမား ဟာဇက် ရီးရဲလ်တွင် အောင်မြင်နိုင်မည်ဟု မော်ရင်ဟို သုံးသပ်

ချဲလ်ဆီးတောင်ပံကစားသမား ဟာဇက်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အောင်မြင်မှုရဖို့အတွက် အရည်အချင်းပြည့်စုံသူ ဖြစ်တယ်လို့ မော်ရင်ဟိုက သုံးသပ်ပြောကြားလိုက်ပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားပြီး ရီးရဲလ်အသင်းကိုတော့ သူ့ရဲ့ ငယ်ဘဝက ကစားချင်တဲ့အသင်း ဖြစ်တယ်လို့ တရားဝင် ပြောကြားထားတာပါ။ ဟာဇက်ဟာ ပင်ကိုယ်စွမ်းရည်အရရော ကိုယ်ရည်ကိုယ်သွေးအရပါ ရီးရဲလ်မက်ဒရစ်အသင်းမှာ အောင်မြင်မှုရနိုင်သူ ဖြစ်တယ်လို့ ချဲလ်ဆီးနဲ့ မန်ယူနည်းပြဟောင်း မော်ရင်ဟိုက DAZN ရုပ်သံနဲ့ သုံးသပ်ချက်မှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဟာဇက်အနေနဲ့ ရီးရဲလ်မှာကစားဖို့ ထိုက်တန်သလို ပရိသတ်တွေ အများကြီးရှိတဲ့ ဘာနေဗျူးကွင်းမှာ ကစားဖို့လည်း ထိုက်တန်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ မော်ရင်ဟိုအနေနဲ့ လာမယ့်ဇွန်လရောက်မှ အသင်းတသင်းကို ကိုင်တွယ်သွားမယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up