မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဗီယက်နမ်သို့ ရောက်ရှိ

ဓာတ်ပုံ - AFP/NHAN Huu Sang/Vitenam News Agency
729
အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ဖေဖော်ဝါရီ ၂၆ ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဗီယက်နမ်-မြောက်ကိုရီးယားနယ်စပ် လန်းဆန်ပြည်နယ်ကို ရောက်ရှိလာပါတယ်။
ရောက်ရှိလာတဲ့ ကင်ဂျုံအန်းကို ဒေါင်ဒန်းဘူတာရုံမှာ ဗီယက်နမ် တာဝန်ရှိပုဂ္ဂိုလ်တွေက ကြိုဆိုပါတယ်။
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ဟာ ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်ကျရင် မြို့တော်ဟနွိုင်းမှာ တွေ့ဆုံကြမှာပါ။
ဒါဟာ ပထမဆုံးအကြိမ် စင်ကာပူထိပ်သီးဆွေးနွေးပွဲအပြီး ၈ လအကြာမှာ ပြုလုပ်တာလည်း ဖြစ်ပါတယ်။
ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွင်း ခေါင်းဆောင်နှစ်ဦးဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေး ပြီးဆုံးအောင် ဆက်လက်လုပ်ဆောင်ဖို့ သဘောတူခဲ့ပါတယ်။
အလားတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း ဖေဖော်ဝါရီ ၂၅ ရက်ေန့က ဝါရှင်တန်ဒီစီကနေ ဗီယက်နမ်နိုင်ငံကို ထွက်ခွာလာပါတယ်။
ပြီးခဲ့တဲ့ စင်ကာပူထိပ်သီးဆွေးနွေးပွဲဟာ တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ရဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။
အခု ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲမှာတော့ သမ္မတ ထရမ့်နဲ့ ခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ ဗီယက်နမ်မြို့တော် ဟနွိုင်းမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
ဒီထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်တွေကို မဖြစ်စလောက်သာ ထိန်းချုပ်နိုင်မယ့် သဘောတူညီချက်မျိုး မလုပ်မိအောင် အမေရိကန် ဒီမိုကရက်အမတ်တွေနဲ့ လုံခြုံရေး တာဝန်ရှိသူတွေက သမ္မတ ထရမ့်ကို သတိပေးထားပါတယ်။