ပေါင် ၂၇၀၀၀၀ တန် လန်ဘော်ဂီနီ ရွှေရောင်ကား ထုတ်ပြလိုက်သည့် အူဘာမီယန်း

ဓာတ်ပုံ - အင်စတာဂရမ်
အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းဟာ သူပိုင်ဆိုင်တဲ့ ဇိမ်ခံကား ၁၃ စီးထဲက လန်ဘော်ဂီနီ ရွှေရောင်ကားကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ပေါင် ၂၇၀၀၀၀ တန်ကြေးရှိတဲ့ လန်ဘော်ဂီနီကားဟာ အူဘာမီယန်းပိုင်ဆိုင်တဲ့ ကားတွေထဲမှာ ဈေးအကြီးဆုံးကားဖြစ်ပြီး ကစားသမားရဲ့ အကြိုက်ဆုံးကားတစီးလည်း ဖြစ်ပါတယ်။ အဲဒီကားဟာ တနာရီကို ၂၁၇ မိုင်ထိ မောင်းနှင်နိုင်ပြီး စလင်ဒါ ၁၂ လုံးတပ်အင်ဂျင် ပါဝင်တဲ့ ပြိုင်ကားအမျိုးအစား ဖြစ်ပါတယ်။ အူဘာမီယန်းဟာ အခုနှစ် ပရီးမီးယားလိဂ်မှာ ၂၅ ပွဲကစား ၁၅ ဂိုးသွင်းယူပြီး ရာသီကုန် ဂိုးသွင်းဘုရင်ဆုအတွက် မျှော်လင့်ချက်ရှိနေပါတယ်။ အူဘာမီယန်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်မှာလည်း အရန်စာရင်းမှာသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up