အာရပ်သမဂ္ဂနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်းပြုလုပ်သည့် ပထမဆုံး ထိပ်သီးညီလာခံ ကျင်းပ

442
အာရပ်သမဂ္ဂ (အေယူ) နဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့ ပူးပေါင်းပြုလုပ်တဲ့ ပထမဆုံး ထိပ်သီးညီလာခံကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အီဂျစ်နိုင်ငံက လက်ခံကျင်းပတဲ့ နှစ်ရက်ကြာ ညီလာခံမှာ အာရပ်သမဂ္ဂနဲ့ အီးယူအဖွဲ့ကြား ရွှေ့ပြောင်းဒုက္ခသည်အရေး၊ လုံခြုံရေးကဏ္ဍနဲ့ ရာသီဥတုပြောင်းလဲမှု ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် နှစ်ဖက်တာဝန်ရှိသူတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပါလက်စတိုင်းအရေး၊ လစ်ဗျား၊ ဆီးရီးယားနဲ့ ယီမင်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခဲ့ကြပါသေးတယ်။
အဲဒီညီလာခံကို အာရပ်ခေါင်းဆောင်တွေနဲ့အတူ ဂျာမနီအဓိပတိ အိန်ဂျယ်လာမာကယ်နဲ့ ဘယ်လ်ဂျီယံဝန်ကြီးချုပ် ချားလ်စ်မိုက်ကယ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။