Home
မြန်မာသတင်း
ရန်ကုန်လွှတ်တော်၌ ပလတ်စတစ်ရေဘူးအစား မြေအိုးနှင့် ရေဖန်ခွက်စတင်အသုံးပြု
DVB
·
February 25, 2019
ပလပ်စတစ်အသုံးပြုမှုလျှော့ချရေး ဆွေးနွေးပြီးတဲ့နောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ပလပ်စတစ် ရေသန့်ဘူးတွေ မသုံးတော့ဘဲ မြေအိုးနဲ့ ရေဖန်ခွက်တွေ စတင်ပြောင်းလဲ အသုံးပြုနေပါတယ်။ ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ရန်ကုန်တိုင်းထဲမှာ သဘာဝပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှု ကြီးမားလာတဲ့ ပလတ်စတစ်သုံး စွဲတာ လျော့ပါးစေရေး စီမံဆောင်ရွက်ပေးဖို့ တိုင်းအစိုးရကို တိုက်တွန်းတဲ့အဆို တင်ခဲ့ပါတယ်။ ဒီအဆိုကို  ကိုယ်စားလှယ် ၇ ယောက်က ဖေဖော်ဝါရီ ၂၂ ရက် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပြီး ပလတ်စတစ်ရေဘူးတွေ မသုံးဖို့ လွှတ်တော်က စကျင့်သုံးသင့်တယ်လို့လည်း တိုက်တွန်း ပြောခဲ့ကြပါတယ်။ အဲဒီနောက် ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက် အစည်းအဝေးမှာတော့ အရင်ကလို ကိုယ်စားလှယ် တယောက်ချင်းစီအတွက် ရေသန့်ဘူးတွေအစား ရေဖန်ခွက်တွေထားပေးသလို အများသုံး အတွက် မြေသောက်ရေးအိုးနဲ့ ရေဖန်ခွက်တွေကို ထားပေးတာလည်း တွေ့ရပါတယ်။ ဓာတ်ပုံ- Kyi Pyar
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024