ယခုနှစ်ရာသီ အကောင်းဆုံးကစားသမားဆု ပေါ့ဘာရသင့်ဟု ကန်တိုနာပြော

962
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အခုရာသီရဲ့ အကောင်းဆုံးကစားသမားဆု ရရှိသင့်တယ်လို့ ဂန္ထဝင်ကစားသမားကြီး အဲရစ် ကန်တိုနာက ပြောကြားလိုက်ပါတယ်။
ပေါ့ဘာဟာ အရမ်းကောင်းတဲ့ ကစားသမားဖြစ်သလို နည်းပြဆိုးလ်ရှားဟာလည်း ပေါ့ဘာခြေစွမ်းပြကစားနိုင်မယ့် နေရာကို ရှာတွေ့ခဲ့တယ်လို့ ကန်တိုနာက ပြောပါတယ်။
ပေါ့ဘာဟာ အမြင်ရှိသူဖြစ်ပြီးတော့ တဖက်ကစားသမားကို ကျော်ဖြတ်ဖို့၊ ဂိုးသွင်းယူဖို့၊ ဂိုးဖန်တီးဖို့နဲ့ ပွဲကိုထိန်းချုပ်ပြီး ခံစစ်ဘယ်လို ကစားရမလဲဆိုတာကိုလည်း နားလည်သူဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့တော့ ဝေးကွာသွားခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးနဲ့ မန်ချက်စတာစီးတီး ဘယ်အသင်းဖလားရမလဲ မေးမြန်းရာမှာတော့ ကန်တိုနာက ဖြေကြားသွားခြင်းမရှိဘူးလို့ သိရပါတယ်။