ပါကစ္စတန်တွင် လူရာနှင့်ချီ အိန္ဒိယကို ကန့်ကွက်ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရဲ့ လမ်းတွေပေါ်မှာ ရာနဲ့ချီတဲ့ လူတွေ ဖေဖော်ဝါရီ ၂၃ ရက်က ဆန္ဒပြနေတာပါ။ အိန္ဒိယရဲ့ ဘယ်လိုခြိမ်းခြောက်မှုကိုမဆို ဆန့်ကျင်ပြီး နိုင်ငံကို ထောက်ခံကြောင်း ပြသရင်း ချီတက်နေခဲ့ပါတယ်။ ပိုင်နက် အငြင်းပွား ကက်ရှ်မီးယား ဒေသအတွင်း အိန္ဒိယလုံခြုံရေး အရာရှိ အယောက် ၄၀ သေဆုံးခဲ့ရတဲ့ အသေခံကားဗုံးခွဲမှုအပြီး နျူကလီးယား လက်နက်ပိုင်ရှင် အိမ်နီးချင်း ၂ နိုင်ငံကြားက တင်းမာမှုတွေ ပိုတိုးခဲ့ပါတယ်။ ပါကစ္စတန် အခြေစိုက် ဂျိုက်ရှီမိုဟာမဒ် စစ်သွေးကြွအုပ်စုက သူတို့လက်ချက် ဖြစ်ကြောင်း ကြေညာခဲ့တာပါ။ မေလရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက ကက်ရှ်မီးယား ဒေသအတွင်း သတ်ဖြတ်မှုကို လက်စားချေဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို လုပ်ပိုင်ခွင့် ပေးထားတယ်လို့ ပြောခဲ့ပါတယ်။ ပါကစ္စတန် အစိုးရကလည်း တကယ်လို့ သူတို့ကို တိုက်ခိုက်ခဲ့ရင် အင်အားအပြည့်နဲ့ တုံ့ပြန်မယ်လို့ သတိပေးခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်ဟာ ဗြိတိန်လက်ကနေ ၁၉၄၇ လွတ်လပ်ရေး ရပြီးတည်းက ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ရေးအတွက် စစ်ပွဲကြီး ၃ ကြိမ် တိုက်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up