ကမ္ဘောဒီယားက ပျောက်ဆုံးတော့မယ့် ဘာသာစကား
DVB
·
October 2, 2012
ကမ္ဘောဒီယားမှာ ချမ်း မွတ်စလင်တွေရဲ့ အရေအတွက်က တိုင်းပြည်လူဦးရေ ၁၄ သန်းမှာ ၇ ရာခိုင်နှုန်းရှိပါတယ်။ လူငယ်တွေအကြားမှာ နိုင်ငံတော်ဘာသာစကားဖြစ်တဲ့ ခမာ စကားနဲ့ အင်္ဂလိပ်စကားကိုပဲ ဦးစားပေးရင်းနဲ့ သူတို့ရဲ့ မိခင် ဘာသာစကားကလည်း တစ တစနဲ့ ပျောက်ကွယ် လာနေပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ချမ်းမွတ်စလင်ခေါင်းဆောင်တွေဟာ ယဉ်ကျေးမှုစင်တာ ဖွင့်ပြီး သူတို့ရဲ့ ဘာသာစကားနဲ့ သမိုင်းကို သင်ကြားပေးနေပါတယ်။ မွတ်စလင်တယောက်ဖြစ်တဲ့ သတင်းထောက် ကော်တိ့ ဟင်းမ် က ပထမဆုံးဖွင့်တဲ့ သင်တန်းကို ကိုယ်တိုင်တက်ရောက်ပြီး သတင်းပေးပို့ထားပါတယ်။