၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲ စစ်ကိုင်းတွင် ကျင်းပ









1.6K
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
လူအင်အား ၁၀၀၀ ကျော်က စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့ကနေ မြို့မဘောလုံးကွင်းအတွင်း ချီတက်လမ်းလျောက်ခဲ့ကြတာပါ။
“ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့မညီတဲ့ ဒီဖွဲ့စစည်းပုံကြီးကို စံချိန်မီတဲ့ ဥပဒေရေးဆွဲပြင်ဆင်ဖို့ပါ။ အဓိကတော့ ပြည်သူတွေကို အကျိုးပြုမယ့် အချက်တွေကို ပြင်ဖို့ပါ။ အချက်တွေကတော့ အများကြီးပါပဲ။ အခုထောက်ခံပွဲကို ပြည်သူ့လွှတ်တော်တွေနဲ့အတူ စစ်ကိုင်းမြို့ဒေသခံ ပြည်သူအများစု ပါဝင်ပြီး ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးပြင်ဆင်ပေးဖို့ ထောက်ခံကြတဲ့ပွဲပါ” လို့ ပွဲဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုအောင်ကိုဦးက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးပြင် ဆင်ပေးဖို့ လူထုထောက်ခံပွဲကို မြစ်သာ ကျေးရွာ၊ ခိုတောင်၊ မကျီးစဉ်၊ မင်းကွန်း၊ ဝါးချက် ညောင်ပင်ဝန်း၊ စတဲကျေးရွာဒေသခံ ပြည်သူ ၁၂၅၀ ကျော်က တက်ရောက်ခဲ့ကြပါတယ်။