Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲ ကလေးမြို့တွင် ပြုလုပ်
DVB
·
February 23, 2019
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒဖော်ထုတ်ပွဲတရပ်ကို ကလေးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ပြည်သူ ၁၀၀၀ ကျော် လမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ထောက်ခံဆန္ဒပြပွဲကို ကလေးမြို့ ရတနာပုံရွှေဘုံသာ စေတီဝင်းကနေ မြို့အထွက် ဗိုလ်ချုပ်ကြေးရုပ်နဲ့ အာဇာနည် ကျောက်တိုင်ထားရှိရာ ကွင်းအထိ လမ်းလျောက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ကလေးမြို့ ၈၈ ငြိမ်းပွင့်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သက်တင်က  "ဥပဒေကို ပြင်ဆင် ရေးဆွဲ ပယ်ဖျက်ရေး သုံးခုလုံး လုပ်ရမယ်။ အခန်း ၁၁ ပါပုဒ်မ ၄၃၆ ဆိုတာ ဖျက်ပစ်ရမယ့်ပုဒ်မ။ ပြင်မယ်ဆိုရင် အခန်း ၁ ပုဒ်မ ၁၀ လိုပေါ့၊ နိုင်ငံတော်ထဲမှာရှိတဲ့ မည်သည့်အဖွဲ့မဆို ပြည်ထောင်စုကနေ ခွဲမထွက်ရဆိုတဲ့အခါ ဒါက အမိန့်ပေးသလို ဖြစ်တယ်။ အဲ့ဒါအစား ပြည်ထောင်စုထဲမှာ ရှိတဲ့ တိုင်းရင်းသားအသီးသီးဟာ ဥမကွဲသိုက်မပျက် အစဉ်နေထိုင်သွားကြမယ်ဆို မကောင်းဘူးလား။ ဒီလိုပေါ့။ ပြင်ဆင် ဖျက်သိမ်း အသစ်ရေးသင့်တာရေးမှ တိုင်းပြည် တိုးတက်မယ်" လို့ ပြောပါတယ်။ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့ မမြင့်မြင့်စိန်က "ဒီဖွဲ့စည်းပုံက ကျမတို့ပြည်သူတရပ်လုံးကို ဖိနှိပ်ထားတယ်။ လွတ်လပ်ခွင့်မရှိဘူး။ ကျမတို့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက်လည်း ပြောဆိုခွင့်မရှိဘူး။ ဒါကြောင့် ဒီ ၂၀၀၈ ဥပဒေကို ပြင်ချင်တယ်။" ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဦးထွန်းထွန်းဟိန် ခေါင်းဆောင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးတွဲကော်မတီကို ၄၅ ဦး အစုအဖွဲ့နဲ့ ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲ့ဒီအစုအဖွဲ့မှာ နိုင်ငံရေးပါတီ ၁၄ ခုနဲ့အတူ တပ်မတော်သား ကိုယ်စားလှယ်တွေလည်း အချိုးကျ ပါဝင်ထည့်သွင်းထားပါတယ်။ လာမယ့် ၂၆ ရက်နေ့မှာတော့ အဲ့ဒီကော်မတီဟာ ဥပဒေ ပြင်ဆင်ရေး စတင်ဆွေးနွေးကြတော့မှာပါ။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024