ဗင်နီဇွဲလားတပ်ဖွဲ့ဝင်များက ဒေသခံတိုင်းရင်းသားများကို ပစ်ခတ်၊ ၂ ဦး သေဆုံး

ဘရာဇီး-ဗင်နီဇွဲလား နယ်စပ်အနီးမှာ ဗင်နီဇွဲလားစစ်သားတွေက  ဒေသခံတိုင်းရင်းသားတွေကို ပစ်ခတ်ခဲ့တာကြောင့် ၂ ဦး သေဆုံးတယ်လို့ မျက်မြင်တွေက  ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံတောင်ပိုင်း ကူမာရာကာပိုင်ရွာမှာ ဒေသခံတိုင်းရင်းသားတွေက စစ်ဘက်ယာဉ်တန်းကို တားဆီးရာကနေ အကြမ်းဖက်မှု ဖြစ်ခဲ့တာပါ။ တိုင်းရင်းသားတွေက အဲဒီစစ်ဘက်ယာဉ်တန်းဟာ လူသားချင်းဆိုင်ရာ အကူအညီတွေကို တားဆီးပိတ်ပင်ဖို့ လာတယ်လို့ ယုံကြည်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။ ဒါ့အပြင် ဗင်နီဇွဲလားစစ်သားတွေဟာ ရွာထဲကို ၀င်ရောက်ပစ်ခတ်တဲ့အတွက် လူ အများအပြား ဒဏ်ရာရတယ်လို့ တိုင်းရင်းသားတွေက ပြောပါတယ်။ ဒဏ်ရာရာသူ ၁၅ ဦးအနက် ၇ ဦးဟာ ဘရာဇီးနယ်စပ် ဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ ဘရာဇီးပြည်နယ် အစိုးရရှေ့နေရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။ ဗင်နီဇွဲလား သမ္မတ မာဒူရိုရဲ့ ဆိုရှယ်လစ်ပါတီက အထင်ကရ ပုဂ္ဂိုလ်တဦးကတော့  အတိုက်အခံ ညွှန်ကြားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ပဋိပက္ခအတွင်း အရပ်သားတွေ ပါဝင်ခဲ့တယ်လို့ စွပ်စွဲပြောကြားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up