ဖိလစ်ပိုင် နိုင်ငံ့ဂုဏ်ဆောင် မယ်စကြ၀ဠာဆုရှင်ကို လူထောင်ချီဂုဏ်ပြုကြိုဆို

1K
၂၀၁၈ မယ်စကြ၀ဠာဆုရှင် နိုင်ငံ့ဂုဏ်ဆောင် ဖိလစ်ပိုင်နိုင်ငံသူ ကတ်ထရီယိုနာ ဂရေးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မြို့တော် မနီလာမှာ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။
ထောင်နဲ့ချီတဲ့ ပရိသတ်တွေဟာ ယာဉ်တန်း တဖက်တချက်မှာ တန်းစီစောင့်ဆိုင်းပြီး အသက် ၂၅ နှစ်အရွယ် ကတ်ထရီယိုနာကို ကြိုဆိုခဲ့တာပါ။
ကတ်ထရီယိုနာဟာ သြစတြေးလျ-ဖိလစ်ပိုင် ကပြား မော်ဒယ်တဦး ဖြစ်ပါတယ်။ ကတ်ထရီယိုနာဟာ စတုတ္ထမြောက် ဖိလစ်ပိုင်နိုင်ငံသူ မယ်စကြ၀ဠာဆုရှင်လည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံသူတွေဟာ ၁၉၆၉၊ ၁၉၇၃ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ မယ်စကြသဠာ သရဖူကို ဆွတ်ခူးဖူးတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။