Thursday, June 8, 2023
HomeLead Storyကားတာယာမှ အိမ်သုံးပရိဘောဂပစ္စည်းများ ဖန်တီးနေသည့် ဂါနာ စွန့်ဦးတီထွင်လုပ်ငန်းရှင်

ကားတာယာမှ အိမ်သုံးပရိဘောဂပစ္စည်းများ ဖန်တီးနေသည့် ဂါနာ စွန့်ဦးတီထွင်လုပ်ငန်းရှင်

ဂါနာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တယောက်က သုံးပြီးသား ကားတာယာတွေကို ပြန်ပြုပြင်ပြီး အိမ်သုံးပရိဘောဂတွေအဖြစ် ဖန်တီးနေပါတယ်။

ဂါနာနိုင်ငံ အက္ခရာမြို့က အလုပ်ရုံမှာ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဂျက်ဖှရဲ ယေဘွာဟာ ပြန်ပြုပြင်ထားတဲ့ ကားတာယာတွေကို သုံးပြီး ကော်ဖီစားပွဲတလုံးကို လုပ်နေတာပါ။

သူဟာ လွန်ခဲ့တဲ့ ငါးနှစ်တည်းက ပရိဘောဂ ဆိုင်ကို စဖွင့်ခဲ့ပြီး ပြန်ပြုပြင်ထားတဲ့ တာယာတွေ၊ ဖန်ခွက်တွေ၊ အထည်စတွေနဲ့ အရောင်အမျိုးမျိုးရှိတဲ့ ကြိုးတွေကိုသုံးပြီး ပုံစံထုတ်ပါတယ်။

စားပွဲအသေးတွေ၊ ဧည့်ခံစားပွဲတွေနဲ့ လက်တင် ကုလားထိုင်တွေကို ဘယ်လိုလုပ်ရမလဲ ဆိုတာ သူကိုယ်တိုင် ကြံဆလေ့လာခဲ့ပါတယ်။

“ဒီစီးပွားရေးအတွက် အမြင်က ကြီးတယ်၊ ကျယ်ပြန့်တယ်။ ကျနော်က ပိုကျယ်ပြန့်တဲ့ မြင်ကွင်းကို ကြည့်တယ်။ ကျနော်ဟာ ပြဿနာကို ဖြေရှင်းတဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအဖြစ် ခံစားရတယ်။ ကျနော်ဟာ လမ်းတွေပေါ်က၊ ရေမြောင်းတွေထဲက ကားတာယာတွေကို ဖယ်ပေးနေတဲ့ အဓိပ္ပာယ်ပဲ။ ကားတာယာတွေ မီးရှို့တာ၊ ခြင်မွေးမြူရေး လုပ်နေတာတွေကို ရပ်တံ့အောင် လုပ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။

ယေဘွာဟာ ဂါနာတက္ကသိုလ်မှာ အချိန်ပိုင်းကျောင်းသားဖြစ်ပြီး စီးပွားရေးနဲ့ သတင်းအချက်အလက် ဘာသာရပ်ကို လေ့လာနေပါတယ်။

သူ့ကုမ္ပဏီကနေ ဖောက်သည်တွေဟာ အထူးမှာယူတဲ့ ဒီဇိုင်းတွေကို ဝယ်နိုင်သလို သူ့ရဲ့ ပရိဘောဂ ကတ်တလောက် ကနေလည်း ပုံစံစုံကို ရွေးနိုင်ပါတယ်။

ပရိဘောဂတွေဟာ အရွယ်အစားနဲ့ ဒီဇိုင်းပေါ် မူတည်ပြီး အမေရိကန်ဒေါ်လာ ၃၀ ကနေ ၂၅၀ ထိ ကျသင့်ပါတယ်။ ယေဘွာဟာ လုပ်ငန်းချဲ့ထွင်ဖို့ ကြိုးစားနေပြီး ရန်ပုံငွေ ပိုရဖို့ လုပ်ဆောင်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular