ဘယ်လ်ဂျီယံတွင် ချောကလက်ဖြင့် ဖန်တီးထားသည့် ဝတ်စုံ ၁၃ စုံ ပြသ (ရုပ်သံ)
Published By
DVB | 22 February, 2019
1.1K
0
Share
0
Comment
0
Likes
VIDEO
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ချောကလက်နဲ့ တန်ဆာဆင် ဖန်တီးထားတဲ့ ဝတ်စုံ ၁၃ စုံကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပြသခဲ့ပါတယ်။
ဖက်ရှင်ဖန်တီးသူ ၇၀ ကျော်ဟာ ဘယ်လ်ဂျီယံနိုင်ငံက ထုတ်လုပ်တဲ့ ချောကလက်တွေကို အဓိကအသုံးပြုပြီး ဖန်တီးချုပ်လုပ်ထားပါ။
အဲဒီဝတ်စုံတွေကို ဖက်ရှင်မော်ဒယ်တွေက ဝတ်ဆင်ပြီး စင်ပေါ်မှာ လျှောက်ပြခဲ့ကြတာပါ။
တချို့ဝတ်စုံတွေက ချောကလက်နည်းနည်းသာပါပြီး တချို့ဝတ်စုံတွေက တထည်လုံးကို ချောကလက်နဲ့ ဖန်တီးထားပါတယ်။
ဖက်ရှင်ဒီဇိုင်နာ ဂျူဗန်နီး ဘီယန်စီယိုလိုနဲ့ ချောကလက်ကျွမ်းကျင်သူ ဂျင်းခရစ္စတိုဖီဟူဘာတို့ ဖန်တီးထားတဲ့ ဝတ်စုံဆိုရင် ချောကလက်အလေးချိန် ၈ ကီလိုဂရမ် ရှိပါတယ်။
တမူထူးခြားတဲ့ ချောကလက်ဖက်ရှင်ပြပွဲကို ဘရပ်ဆဲလ်မြို့တော်ဝန် ဖီးလိစ်ပ်ကလို့နဲ့ ၂၀၀၆ ဘယ်လ်ဂျီယံ အလှမယ်ဖြစ်တဲ့ ဗာယ်ဂျီနီး ကလက်စ်တို့ကလည်း တက်ရောက် အားပေးခဲ့ကြပါတယ်။