အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ အတိုက်အခံ ၂ ဦး မဟာမိတ်ဖွဲ့

ဓာတ်ပုံ - AFP
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုရဲ့ အားအကောင်းဆုံး ဗဟိုဝါဒီ အတိုက်အခံ နှစ်ဦးဟာ မဟာမိတ်ဖွဲ့လိုက်ပြီး ဝန်ကြီးချုပ်ရာထူးကို အလှည့်ကျ တာဝန်ထမ်းဆောင်ဖို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ သဘောတူလိုက်ပါတယ်။ ဒီလိုမဟာမိတ်ဖွဲ့ခြင်းအားဖြင့် နေတန်ယာဟုရဲ့ ဆယ်စုနှစ်တခုကြာ အာဏာချုပ်ကိုင်မှုကို အဆုံးသတ်မယ်ဆိုတဲ့ သူတို့ရဲ့ကြွေးကြော်ချက်ကို ပိုမိုအားကောင်းစေပါတယ်။ ရက်ဇေးလီယန်းပါတီ ခေါင်းဆောင်ဖြစ်တဲ့ စစ်ဘက်အကြီးအကဲဟောင်း ဘန်နီဂန့်စ်နဲ့ ယဲရှာတီဒ်ပါတီခေါင်းဆောင်ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ယာရီလာပီးဒ်တို့ဟာ မဟာမိတ်ဖွဲ့လိုက်ပြီး အဖြူနဲ့အပြာဆိုတဲ့ ပါတီအဖွဲ့သစ် တည်ထောင်လိုက်ပါတယ်။ သူတို့အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရပါက ဝန်ကြီးချုပ်ရာထူးကို ၂ နှစ်ခွဲစီ အလှည့်ကျ တာဝန်ထမ်းဆောင်ဖို့ သဘောတူခဲ့ကြတာပါ။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ လူထုသဘောထား စစ်တမ်းတခုအရ လွှတ်တော်အမတ်နေရာ စုစုပေါင်း ၁၂၀ မှာ အဖြူနဲ့အပြာပါတီက ၃၆ နေရာနဲ့ နေတန်ယာဟုရဲ့ လီကွတ်ပါတီက ၂၆ နေရာ အနိုင်ရတယ်လို့ ခန့်မှန်းရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဘန်နီဂန့်စ်နဲ့ ယာရီလာပီးဒ်တို့ မဟာမိတ်ဖွဲ့တဲ့ အချိန်မှာပဲ နေတန်ယာဟုကလည်း လက်ယာစွန်းပါတီနှစ်ခုဖြစ်တဲ့ Jewish Home နဲ့ Jewish Power တို့ကို သူ့ရဲ့ ညွန့်ပေါင်းအဖွဲ့နဲ့ ပူးပေါင်းဖို့ ညှိနှိုင်းခဲ့ပါတယ်။ ဧပြီ ၉ ရက် အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် နေတန်ယာဟု အနိုင်ရခဲ့မယ်ဆိုရင် သူဟာ အစ္စရေးနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up