ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ် အသင်းပြောင်းရွှေ့လိုခြင်းမရှိဟု ပြော

ဓာတ်ပုံ - Getty Imges
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်အနေနဲ့ အသင်းကနေ ထွက်ခွာလိုခြင်းမရှိဘဲ သူ့ကိုစိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေကိုလည်း ပြောင်းရွှေ့လိုခြင်း လုံးဝမရှိဘူးလို့ ဆိုပါတယ်။ ဂါရတ်ဘေးလ်ဟာ အသင်းကနေထွက်ခွာဖို့ အကြောင်းပြချက် မရှိသလို စပိန်မြေမှာ ပျော်ရွှင်နေတဲ့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဘက်ကလည်း အတင်းအကျပ် ရောင်းထုတ်သွားဖို့ မရှိဘူးလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ ဂါရတ်ဘေးလ်ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပေမယ့် လက်ရှိအချိန်ထိတော့ သေချာတဲ့ကမ်းလှမ်းမှု တခုမှ မရှိသေးဘူးလို့ ရီးရဲလ်မက်ဒရစ်ဘက်က ပြောကြားထားပါတယ်။ ဒါကြောင့် ဘေးလ်အနေနဲ့ စပိန်မြေမှာသာ ဆက်လက်ရှိနေဖို့ အခြေအနေ များနေပြီး အခုထက်ပိုပြီး ခြေစွမ်းပြနိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ကစားသမား ရော်နယ်ဒို ထွက်ခွာသွားချိန်မှာ အစားထိုးနိုင်ဖို့ ဂါရတ်ဘေးလ်ကို အားကိုးခဲ့ပေမယ့် သိသိသာသာ ခြေစွမ်းမပြနိုင်ဘဲ မကြာခဏဆိုသလို ဒဏ်ရာပြဿနာ ကြုံတွေ့နေရတာကြောင့် ပရိသတ်တွေကတော့ စိတ်ပျက်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up