လီဗာပူးတိုက်စစ်မှူး မာနေး၏နေအိမ် ဖောက်ထွင်းခံရ

1.1K
လီဗာပူးတိုက်စစ်မှူး မာနေးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့ ကစားနေတဲ့အချိန်မှာ သူ့ရဲ့အိမ် ဖောက်ထွင်းခံခဲ့ရပြီး အဖိုးတန်ပစ္စည်းတွေလည်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးမြို့တောင်ပိုင်းမှာရှိတဲ့ အယ်လာတန်အရပ်မှာရှိတဲ့ မာနေးရဲ့အိမ် ဖောက်ထွင်းခံခဲ့ရတဲ့ အချိန်မှာ အိမ်သူအိမ်သားတွေ ဘယ်သူမှ ရှိမနေဘူးလို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး ဖောက်ထွင်းမှုနဲ့ ပတ်သက်ပြီး သတင်းပေးကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီဖောက်ထွင်းမှုမှာ နာရီတွေ၊ လက်ကိုင်ဖုန်းတွေနဲ့ ကားသော့တွေ ပါသွားတယ်လို့ ဆိုပါတယ်။
မာနေးရဲ့အိမ် ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအရာရှိ ဖီးလ်မက်ဟွမ်ကတော့ ခိုးယူသွားတဲ့ နာရီတွေဟာ တန်ဖိုးရှိတဲ့အတွက် ရောင်းချဖို့ ကမ်းလှမ်းခံခဲ့ရတဲ့သူတွေရှိရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ ဖောက်ထွင်းမှု ဖြစ်ပြီးကတည်းက မေတ္တာရပ်ခံထားတယ်လို့ ပြောပါတယ်။
လီဗာပူးတိုက်စစ်မှူး မာနေးရဲ့အိမ် ဖောက်ထွင်းခံခဲ့ရတာဟာ ပထမအကြိမ်မဟုတ်ဘဲ ၂၀၁၇ ခုနှစ် နိုဝင်ဘာလကလည်း မာရီဘောနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားနေစဉ် သူ့ရဲ့အိမ် ဖောက်ထွင်းခံခဲ့ရသေးပါတယ်။