Home
မြန်မာသတင်း
ထီသမိုင်းတွင် ဆုံးရှုံးမှု အဆိုးရွားဆုံးဖြစ်နေဟု ထီဆိုင်ပိုင်ရှင်များပြော
စိုးမိုးအောင်
·
February 21, 2019
အောင်ဘာလေ ကျပ်၅၀၀တန်ထီနဲ့ ကျပ် ၁၀၀၀ တန်ထီ တပြိုင်တည်းထုတ်လိုက်တာကြောင့် ထီသမိုင်း တလျောက်မှာ ဆုံးရှုံးမှု အဆိုးဆုံးဖြစ်နေတယ်လို့ ရွှေမြန်မာပင်ပင်ရင်းထီဆိုင် တဆိုင်ကပြောပါတယ်။ နိုင်ငံတော်အစိုးက ထုတ်လုပ်ရောင်းချနေတဲ့ အောင်ဘာလေထီကို အခုနှစ်ဖေဖော်ဝါရီလ ကစပြီး ကျပ် ၅၀၀ တန်ထီလက်မှတ်တွေအပြင် ကျပ် ၁၀၀၀ တန်ထီလက်မှတ်တွေပါ တပြိုင်နက် ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။ ဖေဖော်ဝါရီလဟာ တနှစ်လုံးမှာ ရက်အနည်းဆုံးလဖြစ်သလို ထီထိုးသူနည်းပါးတဲ့ ရာသီ ဖြစ်တဲ့အပြင် ကျပ် ၅၀၀ တန်နဲ့ ၁၀၀၀ တန်ထီလက်မှတ်တွေ တပြိုင်နက်ရောင်းချတာကြောင့် ထီရောင်းအား ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ပန်းဘဲတန်းမြို့နယ် ၂၇လမ်းက ရွှေမြန်မာချစ်ကြည်ရေးနှင့်ကမ္ဘာသစ် ပင်ရင်းထီဆိုင်မှာတော့ ၁၀၀၀ တန်ထီလက်မှတ် တစောင်ကို ငွေကျပ်၇၀၀နဲ့ အရှုံးခံရောင်းချရောင်းနေရတယ်လို့ ထီကိုယ်စားလှယ် ဦးစန်းယုက  ပြောပါတယ်။ ထီကိုယ်စားလှယ်ကြီးတွေကတော့ ဈေးကွက်မှာ ဆက်လက်ရပ်တည်ဖို့ဖြစ်နိုင်ပေမယ့် ထီ ကိုယ်စားလှယ်ငယ်တွေအတွက် လာမယ့်လတွေမှာ အခုလို ထီ နှစ်စောင်တပြိုက်နက်ထွက်ရင် ထီလောကကနေ ထွက်သွားနိုင်တယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ ကျပ် ၅၀၀ တန်ထီနဲ့ ကျပ် ၁၀၀၀ တန်ထီလက်မှတ်နှစ်ခုထဲက တခုကို အမြန်ဆုံးဖြုတ်သင့်တယ်လို့ ထီကိုယ်စားလှယ်တွေက တိုက်တွန်းပါတယ်။ ရန်ကုန်မြို့အတွင်းမှာ တွန်းလှည်းနဲ့ လှည့်လည်ရောင်းချနေတဲ့ ထီဆိုင်တွေကတော့ ကျပ်၁၀၀၀တန်ထီဟာ ကျပ် ၅၀၀ တန်ထီလောက် မရောင်းချရဘူးလို့ ထီရောင်းချသူတွေက ဆိုပါတယ်။ ပန်းဘဲတန်းမြို့နယ်၂၇လမ်းက ထီအရောင်းဆိုင်တွေမှာတော့ ၁၀၀၀ တန်ထီ လက်မှတ် ၁၀ဆောင်တွဲ တစောင်ကို ထီလက်မှတ်တစောင်ပိုပေးတဲ့ ဆိုင်တွေရှိသလို ဈေးလျှော့ရောင်းချ နေတာလည်း ရှိပါတယ်။ မြို့နယ်အတွင်းက ထီဆိုင်လက်ကားဆိုင်ငယ်တွေမှာတော့ ထီလက်မှတ်ဈေးနှုန်းမကျဘဲ တစောင်ကို ကျပ် ၁၂၀၀ နဲ့ ထိုးနေရတယ်လို့လည်း ထီထိုးသူတွေက ပြောပါတယ်။ အောင်ဘာလေထီသိန်းဆုဌာနအနေနဲ့ ဖေဖော်ဝါရီလကစပြီး ၁၀၀၀ တန်ထီလက်မှတ် တွေကို အက္ခရာအလုံးရေ ၄၀ ထုတ်လုပ်ရောင်းချခဲ့ပြီး ကျပ် ၅၀၀ တန်ထီလက်မှတ်ကိုတော့ အက္ခရာ ၁၂လုံး ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အရင်က ကျပ် ၅၀၀တန်ထီမှာ အက္ခရာအလုံးရေ ၅၂လုံးသာထုတ်လုပ်ခဲ့ပေမယ့် လက်ရှိ မှာတော့ ထီရောင်းရတဲ့ငွေပမာဏ ထက်ဝက်လောက်မြင့်သွားတဲ့အပေါ် ထီထိုးသူ နည်းသွားတာ လို့ ထီကိုယ်စားလှယ်တွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024