ဘင်္ဂလားဒေ့ရှ်တွင် မီးအကြီးအကျယ်လောင်၊ လူ ၆၉ ဦးထက်မနည်း သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာက လူနေရပ်ကွက်ဟောင်း ချော့ခ်ဘဇားမှာ မီးအကြီးအကျယ်လောင်ခဲ့လို့ လူ ၆၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေနဲ့ မျက်မြင်တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောပါတယ်။ မီးသတ်တပ်ဖွဲ့ အကြီးအကဲက သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ပြောပါတယ်။ အဲဒီမီးလောင်မှုမှာ ပေါက်ကွဲလွယ်တဲ့ ဓာတုပစ္စည်း၊ အလှကုန်နဲ့ ကော်စေ့ဆိုင်တွေ ပေါက်ကွဲခဲ့ပြီး ဒါဇင်နဲ့ချီတဲ့လူတွေဟာ ပြည့်ကျပ်နေတဲ့ လမ်းတွေပေါ် ပြေးမထွက်နိုင်ဘဲ အဆောက်အဦတွေထဲ ပိတ်မိခဲ့ပါတယ်။ မီးဟာ  ဖေဖော်ဝါရီ ၂၀ ရက် ည ၁၁ နာရီ ဝန်းကျင်က စတင်လောင်ကျွမ်းပြီး မီးသတ်သမား ၂၀၀ ကျော်နဲ့ ကြိုးပမ်းငြှိမ်းသတ်နေပေမယ့် ထိန်းချုပ်နိုင်ရုံသာရှိပြီး အပြီးတိုင် ငြှိမ်းသတ်နိုင်ခြင်း မရှိသေးဘူးလို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။ ဒီမီးဟာ လောင်ကျွမ်းလွယ် ဓာတုပစ္စည်းတွေ သိုလှောင်မှုကြောင့် အပျက်အစီးများခဲ့တယ်လို့ မီးသတ်အရာရှိကို ကိုးကားပြီး Times of India သတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up