သင်္ကြန်ရက် နေရပ်ပြန် မြန်မာအလုပ်သမားများကို ဂိတ်ဝင်ထွက်ကြေး ကင်းလွတ်ခွင့်ပြု

4.4K
ထိုင်းနိုင်ငံထဲ ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာ၊ လော နဲ့ ကမ္ဘောဒီးယားနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လာမယ့် သင်္ကြန်ကာလ မိမိနိုင်ငံပြန်ပြီး လည်ပတ်မယ်ဆိုရင် အ၀င်အထွက်ဂိတ်ကြေး ကင်းလွတ်ခွင့်ပြုမယ်လို့ ဝေါ့ခ်ပွိုင့်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံမှာ အိမ်ဖော်၊ အလုပ်ကြမ်းသမား၊ ဘာသာစကားဆက်သွယ်ရေးနဲ့ ငါးဖမ်း စက်လှေပေါ်မှ စက်ပြင်ဆရာ အစရှိတဲ့ လုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်နေပြီး နေထိုင်ခွင့် သက်တမ်း အနည်းဆုံး ၂၀၁၉ ဧပြီလ ၃၀ ရက်ေန့ထိရှိ မြန်မာ၊ လော နဲ့ ထိုင်းနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေဟာ လာမယ့်လသင်္ကြန်ရက်တွင်း နေရပ်ပြန်မယ်ဆိုရင် အ၀င်အထွက်ဂိ တ်ေ တွမှာ နိုင်ငံဖြတ်ကျေ်ဂိတ်ကြေးသွင်းစရာမလိုဘူးလို့ ထိုင်းအလုပ်သမားရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး အဒွန်း ဆဲင်ဆင်ကယောက်က ဖေဖော်ဝါရီလ ၂၀ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမယ့် အလုပ်သမားတွေကို သတ်မှတ်ထားတဲ့ သင်္ကြန်ကာလ ဧပြီ ၅ ရက်နေ့မှ ၃၀ ရက်နေ့အတွင်းသာ အ၀င်အထွက်ပြုရမှာဖြစ်ကြောင်း၊ ပင်လယ်ငါးဖမ်းလုပ်သား လက်မှတ် (Seabook) ကိုင်ဆောင်သူတွေ အနေနဲ့တော့ နေထိုင်ခွင့်သက်တမ်းအနည်းဆုံး ၂၀၁၉ ဧပြီ ၃၀ ရက်ေန့ထိ ရှိကာ သက်ဆိုင်ရာ လ၀ကရုံးမှာ (Non-Immigrant L-A) ပြန်လည် ၀င်ခွင့်ဗီဇာ တံဆိပ်တုံး ထုရမယ်လို့ ဆိုပါတယ်။
တကယ်လို့ ဧပြီ ၃၀ ရက်နေ့နောက်ပိုင်းမှ ပြန်ဝင်လာတယ်ဆိုရင်တော့ ထိုင်းလ၀ကရုံးမှာ ဘတ်ငွေ ၂ ထောင်သွင်းပြီး ပြန်လည်ဝင်ရောက်ခွင့် Non-Immigrant L-A ဗီဇာတံဆိပ်တုံး ထုရမယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက် အဖွဲ့ဝင် ကိုစိုင်းစိုင်းက အခုလို ကင်းလွတ်ခွင့်ပြုပေးလို့ အလုပ်သမားတွေအတွက် ဗီဇာတုံးကြီးထုခ ဘတ် ၁၀၀၀ ကျော်လောက် သက်သာသွားသလို လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေမှာလည်း စိတ်အနှောင့်အယှက်ဖြစ်စရာမလိုတော့ကြောင်း၊ ဒါပေမယ့် သတ်မှတ်ထားတဲ့ အချိန်တွင်း ပြန်ဝင်လာကြဖို့ တိုက်တွန်းကြောင်း ဒီဗွီဘီကို ပြောသွားပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားဝင်အနေနဲ့ရော တရားမ၀င်အနေနဲ့ပါ ၀င်ရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားပေါင်း ၃ သန်းကျော်ရှိတယ်လို့ မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားပါတယ်။