Home
မြန်မာသတင်း
စည်ပင်ရွေးကောက်ပွဲ မဲနှစ်ခါထပ်မပေးမိစေရန် လက်သန်းတွင် အမှတ်အသား လုပ်မည်
အာကာ
·
February 21, 2019
ရန်ကုန်စည်ပင်ရွေးကောက်ပွဲမှာ မဲပေးတဲ့သူတွေကို မဲပေးပြီးရင် ထပ်ပေးလို့မရအောင် လက်သန်းမှာ အမှတ်အသားလုပ်သွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ ပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ မဲပေးပြီးသူတွေကို လက်သန်းမှာ မှင်တို့ပြီး မဲထပ်ပေးလို့မရအောင် အမှတ်အသား လုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ဦးအောင်ခိုင်က “မဲပေးပြီးရင် မဲထပ်ပေးလို့မရအောင် လက်သန်းမှာ အမှတ်အသား တခုခုလုပ်မယ်။ ထပ်ပေးရင် ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံရမယ် ပြောပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့က မဲကို ၄ပြား ပေးရမယ်။ မြို့ တော်ကော်မတီအတွက်က ၁ ပြား၊ မြို့ နယ်အတွက်က ၃ ပြား ဒါလေးကို သိထားဖို့  လိုပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။ ဒါ့အပြင် မဲဆွယ်စည်းရုံးရေး ကာလမတိုင်ခင် မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းတွေကို လည်း ရွေးကောက်ပွဲနည်းဥပဒေနဲ့ အရေးယူသွားမယ်လို့ ဥက္ကဋ္ဌက ဆိုပါတယ်။ “မဲဆွယ်ကာလ ကို ၁ လပေးထားတယ်။ ဒီမတိုင်ခင်မှာ သိလို့ပဲဖြစ်စေ၊မသိလိုက်လို့ပဲဖြစ်စေ မဲဆွယ်မိရင် ခေါ်ယူ အသိပေး၊ သတိပေးမယ်။ ဒါကိုမှထပ်လုပ်ရင် အရေးယူမယ်” လို့ပြောပါတယ်။ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို မတ်လ ၃၁ ရက်နေ့ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024