ချောက်မြို့တွင် ဖုန်းအားသွင်းရာက အပူလွန်ကဲပေါက်ကွဲပြီး မီးလောင်
DVB
·
February 21, 2019
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့သာယာအေးရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၉ နာရီခွဲလောက်က ဖုန်းအားသွင်းရာကနေ အပူလွန်ကဲပေါက်ကွဲပြီး မီးလောင်ခဲ့ပါတယ်။
သာယာအေးရပ်ကွက်နေ ဦးတင်မောင်ရဲ့ နေအိမ်မှာ သားဖြစ်သူ ရဲဇော်မောင်က ဖုန်းအားသွင်းထားရာကနေ အပူလွန်ပေါက်ကွဲပြီး နေအိမ် ထရံနဲ့ အဝတ်အထည်တွေ စတင်လောင်ကျွမ်းခဲ့ပါတယ်။
မီးလောင်တာကြောင့် နေအိမ်နဲ့ ပရိဘောဂ စုစုပေါင်းကျပ် ၈၀၀၀၀ ဖိုးလောက်ပျက်စီး သွားခဲ့ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ မြို့နယ် မီးသတ်တပ်ဖွဲ့ က ပြောပါတယ်။
မီးလောင်တဲ့ နေရာကို ချောက်မြို့နယ်မီးသတ် ဌာနက မီးသတ်ရေယာဉ် ၂ စီး၊ ရေနံမီးသတ်ရေယာဉ် ၁စီး၊ ရေသယ်ယာဉ်၁စီးတို့နဲ့ လာရောက်မီးငြှိမ်းသတ်ခဲ့လို့ တခြားအိမ်တွေကို မီးမကူးအောင် အချိန်မီ ထိမ်းသိမ်းနိုင်ခဲ့ ပါတယ်။
ကိုလင်း(ချောက်)