ဂျီမီနက်ဇ်၊ ဂိုဒင်တို့၏သွင်းဂိုးဖြင့် အက်သလက်တီကိုက ဂျူဗင်တပ်ကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပထအကျော့ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းက ဂျူဗင်တပ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာတာပါ။ တီကိုအတွက် ဦးဆောင်ဂိုးကို ၇၈ မိနစ်မှာ နောက်ခံလူ ဂျီမီနက်ဇ်က သွင်းယူပါတယ်။ ဂျူဗင်တပ်က အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှု သာပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ တီကိုက ပိုရခဲ့ပါတယ်။ အက်သလက်တီကိုအတွက် ဒုတိယဂိုးကို ဂိုဒင်က ၈၃ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ၂ ဂိုးပြတ်နဲ့နိုင်လို့ အက်သလက်တီကိုအသင်းဟာ နောက်တဆင့်အတွက် အခြေအနေ ကောင်းသွားပါတယ်။ ဒုတိယအကျော့ပွဲစဉ်ကို ဂျူဗင်တပ်အိမ်ကွင်းမှာ မတ်လ ၁၂ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up