ချဲလ်ဆီးနည်းပြအဖြစ် ဇီဒန်းနှင့် လမ်းပတ် တဦးဦးခန့်အပ်ရန်ရှိဟု သတင်းထွက်

1.1K
ချဲလ်ဆီးနည်းပြ ဆာရီရဲ့နေရာမှာ ဇီဒန်းနဲ့ လမ်းပတ် တဦးဦးနဲ့ အစားထိုးခန့်အပ်ဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ချဲလ်ဆီးအသင်းဟာ နည်းပြဆာရီ လက်ထက်မှာ ရလဒ်ဆိုးရွားနေပြီး အာဆင်နယ်၊ မန်စီးတီးနဲ့ မန်ယူအသင်းတို့လို ပြိုင်ဘက်အသင်းတွေကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ ဆာရီရဲ့ အနာဂတ်က မသေချာတဲ့ အခြေအနေကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
သတင်းတွေအရ ဆာရီရဲ့နေရာမှာ ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းကို ခန့်အပ်ဖို့ သတင်းထွက်နေလို ဒါဘီကောင်တီအသင်းမှာ နည်းပြချုပ်အဖြစ် ကိုင်တွယ်နေတဲ့ ဖရန့်လမ်းပတ်လည်း ချဲလ်ဆီးနည်းပြ ဖြစ်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိ အသင်းရဲ့ လက်ထောက်နည်းပြ ဇိုလာကို ရာသီကုန်အထိ နည်းပြချုပ်အဖြစ် တာဝန်ပေးသွားဖို့လည်း စဉ်းစားဖွယ်ရှိတယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကစားဖို့ရှိပြီး အဲဒီပွဲရလဒ်က နည်းပြဆာရီရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။