ကက်ရှ်မီးယားဒေသ ဗုံးခွဲတိုက်ခိုက်မှု ပါကစ္စတန်ထောက်လှမ်းရေး ပါဝင်ပတ်သက်ဟု အိန္ဒိယ ပြော

အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့ဝင် ၄၀ ထက်မနည်း သေဆုံးရတဲ့ တိုက်ခိုက်မှုမှာ ပါကစ္စတန်ရဲ့ ထောက်လှမ်းရေးအေဂျင်စီ (ISI) ပါဝင်ပတ်သက်တယ်လို့ အိန္ဒိယ စစ်ဘက်ထိပ်တန်းတပ်မှူးတဦးက ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အငြင်းပွား ကက်ရှ်မီးယားဒေသ ဒုတိယဗိုလ်ချုပ်ကြီးက “ယာဉ်တန်းတိုက်ခိုက်မှုကို ပါကစ္စတန်၊ ISI နဲ့ နယ်စပ်က JeM တို့ ကြိုးကိုင်တာဖြစ်ပါတယ်။ အဲဒီအတွက် သဲလွန်စတွေ ရထားပြီး စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် သူက “JeM အဖွဲ့ကို ပါကစ္စတန်စစ်တပ်နဲ့ ISI ထောက်လှမ်းရေးအဖွဲ့က ထိန်းချုပ်နေတာဖြစ်တယ်။ မနေ့က JeM အဖွဲ့ ထုတ်ပြန်ချက်မှာ သူတို့ရဲ့စစ်ဆင်ရေး ကွပ်ကပ်ရေးမှူး သေဆုံးတာကို အတည်ပြုထားတယ်” လို့လည်း ဆက်ပြောပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ လုံခြုံရေးအခြေအနေ ဆိုးရွားနေချိန်မှာ ကုလသမဂ္ဂအနေနဲ့ ကြားဝင်ဖြေရှင်းဖို့ အိန္ဒိယက မေတ္တာရပ်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up