ကစားသမားများ မိမိဘက်တွင် ရှိမရှိ မသေချာဟု ချဲလ်ဆီးနည်းပြ ဆာရီ ဝန်ခံ

ဓာတ်ပုံ - Getty Images
ကစားသမားတွေအနေနဲ့ မိမိဘက်မှာ ရှိသေးသလားဆိုတာ မသေချာဘူးလို့ ချဲလ်ဆီးနည်းပြ ဆာရီက ဝန်ခံ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး  နည်းပြ ဆာရီရဲ့ နည်းစနစ်ပိုင်းအပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ချဲလ်ဆီးကစားသမားတွေအနေနဲ့ မိမိရဲ့ နည်းစနစ်အပေါ်မှာ ယုံကြည်မှုရှိလား မရှိလားဆိုတာ မသေချာပေမယ့် ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်းရှိတယ်လို့ ဆာရီက ဆိုပါတယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ မိမိအကြား ဆက်ဆံရေးက အရေးကြီးတဲ့ကိစ္စမဟုတ်ဘဲ ရလဒ်ကောင်းရရှိရေးက အရေးကြီးဆုံးလို့ ဆာရီက ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးကစားသမားတွေအနေနဲ့ ခြေစွမ်းတိုးတက်လာဖို့ လိုအပ်ပြီး မိမိအနေနဲ့ ကစာသမား တဦးချင်းစီရဲ့ အမြင့်ဆုံးခြေစွမ်းရအောင် လုပ်နိုင်စွမ်းမရှိဘဲ သူတို့ကိုယ်တိုင် ကြိုးပမ်းကြရမှာ ဖြစ်တယ်လို့လည်း ဆာရီက ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လာမယ့်တပတ်မှာ မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲ ကစားရဖို့ရှိနေပြီး အဲဒီပွဲရလဒ်က နည်းပြဆာရီရဲ့ အနာဂတ်ကိုပါ ဆုံးဖြတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up