ကနေဒါတွင် အိမ်မီးလောင်မှုတခုအတွင်း ကလေး ၇ ဦးသေဆုံး

ဓာတ်ပုံ - REUTERS/Ted Pritchard
ကနေဒါနိုင်ငံ နိုဗာစကိုးရှားပြည်နယ် ဟယ်လီဖက်စ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ အိမ်မီးလောင်မှုတခုအတွင်း တမိသားစုထဲက ကလေး ၇ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြောပါတယ်။ သေဆုံးကလေးငယ်တွေဟာ ၃ လသားအရွယ်ကနေ ၁၇ နှစ်အတွင်း ဖြစ်ကြပြီး ဆီးရီးယားဒုက္ခသည် မိသားစုက ဖြစ်တယ်လို့ ကနေဒါ အသံလွှင့်ကော်ပိုရေးရှင်းက ကြေညာပါတယ်။ ကျယ်လောင်တဲ့ ဆူညံသံကို ကြားပြီးနောက် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး အိမ်ထဲကနေ ပြေးထွက်လာတယ်လို့ အိမ်နီးချင်းဖြစ်သူက CTV သတင်းဌာနကို ပြောပါတယ်။ သူတို့နှစ်ဦးကတော့ ဒဏ်ရာရပြီး ဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို သေချာမသိရသေးဘူးလို့လည်း ရဲနဲ့ မီးသတ်တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီ ကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းရတယ်လို့ ဟယ်လီဖက်စ်မြို့တော်ဝန်က တွစ်တာကနေ ရေးသားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up