မန်ယူ-လီဗာပူးပွဲကသာ အင်္ဂလန်တွင် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပွဲဖြစ်ဟု ပေါလ်စခိုး ပြော

ဓာတ်ပုံ - Getty
831
မန်ယူနဲ့ လီဗာပူးပွဲစဉ်ကသာ အင်္ဂလန်ရဲ့ ပြိုင်ဆိုင်မူအပြင်းထန်ဆုံးပွဲ ဖြစ်တယ်လို့ မန်ယူကစားသမားဟောင်း ပေါလ်စခိုးက ပြောကြားလိုက်ပါတယ်။
မန်ယူနဲ့ လီဗာပူးအသင်းတို့ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပါတယ်။
မန်ယူနဲ့ မန်စီးတီးပွဲစဉ်က အကြီးမားဆုံး ပြိုင်ဘက်လို့ ထင်နေကြပေမယ့် အမှန်တကယ် အကြီးမားဆုံး ပြိုင်ဘက်က မန်ယူနဲ့ လီဗာပူးပွဲစဉ်သာ ဖြစ်တယ်လို့ ပေါလ်စခိုးက ဆိုပါတယ်။
မန်စီးတီးအသင်းအနေနဲ့ နောက်ပိုင်းနှစ်တွေမှာ မန်ယူအသင်းအတွက် အကောင်းဆုံးပြိုင်ဘက် ဖြစ်လာပေမယ့်လည်း အင်္ဂလိပ် ဘောလုံးလောကမှာတော့ မန်ယူနဲ့ လီဗာပူးပွဲက ပိုပြီး အကြိတ်အနယ်ရှိတဲ့ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။
လီဗာပူးအသင်းဟာ အမှတ်ပေးဆုဖလား ၁၈ ကြိမ် ရရှိထားပြီး မန်ယူအသင်းရဲ့ အကြိမ် ၂၀ ချန်ပီယံဆုဖလား အရေအတွက်ကို မီဖို့ ကြိုးပမ်းချက်ကို တားဆီးသွားရမှာ ဖြစ်တယ်လို့လည်း ပေါလ်စခိုးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ လီဗာပူးအသင်းက အကောင်းဆုံးခြေစွမ်း ရနေပေမယ့် မန်ယူအသင်း အနိုင်ရဖို့ မျှော်လင့်တယ်လို့လည်း ပေါလ်စခိုးက ပြောကြားသွားပါတယ်။
လီဗာပူးအသင်းဟာ ပထမအကျော့ ပွဲစဉ်တုန်းက မန်ယူအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။