ကိန်းရုပ်ရှင်ပွဲတော် အမြင့်ဆုံးဆု Palme d’Or ဆုရ ဂျပန်ရုပ်ရှင်ကား – Shoplifters (နမူနာ)
Published By
DVB | 20 February, 2019
1.3K
0
Share
0
Comment
0
Likes
VIDEO
ပြီးခဲ့တဲ့ ၇၁ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုတဆုဖြစ်တဲ့ Palme d’Or ဆုကို ဂျပန်ရုပ်ရှင်ကား Shoplifters က ဆွတ်ခူးရရှိခဲ့ပါတယ်။
ရာဇဝတ်ပြစ်မှုဆိုင်ရာ မိသားစုဒရာမာအမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဂျပန်ရုပ်ရှင်ဒါရိုက်တာ Hirokazu Kore-eda က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကတော့ ပုံမှန်တွေ့နေကျဖြစ်တဲ့ ဂျပန်ရုပ်ရှင်ကားတွေမှာလို တကယ့် အက်ရှင်ခန်းတွေ၊ အသံကျယ်ကျယ်လောင်လောင်တွေ၊ အထူးရိုက်ချက်တွေ၊ ရုတ်တရက် အခန်းပြောင်းတာမျိုးတွေနဲ့ ဖန်တီးထားတာမဟုတ်ဘဲ Kore-eda ရိုက်ကူးတဲ့ ဇာတ်လမ်းတော်တော်များများရဲ့ ထုံးစံအတိုင်း သာမန်လူတန်းစားတွေရဲ့ ဘဝတွေကို ဖော်ပြနေတဲ့ ဇာတ်လမ်းဇာတ်အိမ်မျိုးနဲ့ ပရိသတ်တွေ ရှုစားကြရမှာပါ။
တိုကျိုမြို့နောက်ခံ မြင်ကွင်းတွေနဲ့ အလစ်သုတ်သမား မိသားစုအကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ မတူညီကြတဲ့ နယ်နိမိတ်တွေ၊ ဘာသာစကား တံတိုင်းတွေ၊ ယဉ်ကျေးမှုတွေ ရှိနေကြပေမယ့် တူညီတဲ့ ဘဝစိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်းကို မီးမောင်းထိုးပြထားခဲ့တာဖြစ်ပြီး မိသားစုနှောင်ကြိုး၊ မမြင်တွေ့နိုင်တဲ့ လူ့အဖွဲ့အစည်းနဲ့ ဘယ်တော့မှ မသိနိုင်တဲ့ အမှန်တရားကို မေးခွန်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 8.1 အထိ ရရှိထားခဲ့တဲ့ ရုပ်ရှင်ကားတကားဖြစ်ပြီး ဒီကားထဲမှာ ဂျပန်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Lily Franky၊ Sakura Ando၊ Mayu Matsuoka တို့နဲ့ တခြား သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားခဲ့ကြတာပါ။
ဒီကားထဲမှာပါဝင်တဲ့ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
နိုင်ငံတကာမှာ ရုံတင်ပြသခဲ့ပြီးဖြစ်တဲ့ ဒီရုပ်ရှင်ကားဟာ Box Office မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၄ သန်း ရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။